ပွဲသွားပွဲလာထုံးဖွဲ့လို့ရသည့် ဆံပင်တိုသော ပျိုမေများအတွက် ဆံထုံးထုံးနည်းအဆင့်ဆင့် ကိုဖော်ပြပေးလိုက်ပါတယ်နော်။
1. ရှေ့ဆံပင်ကို အမြင့်စည်းပါမည်။
ဆံပင်အားလုံးကို စုယူ၍ သားရေကွင်းဖြင့် မြင့်မြင့်စည်းပါ။
နောက်ဘက်မှပိုသောဆံပင်အားလုံးကို စုလိမ်ပါ။
ကလစ်ဖြင့် ထိုးပါ။
2.ဆံထုံးပြုလုပ်ပါမည်။
ဆံခံကို သုံးပါမည်။
အမြင့်စည်းထားသော ဆံပင်အောက်တွင် ဆံခံထား၍ ကလစ်ဖြင့်ထိုးပါ။
ဆံခံပေါ်သို့ စည်းထားသောဆံပင်ကို ဖြန့်ပါ။
နောက်ဘက်တွင် စုယူပါ။
ကလစ်ဖြင့်ထိုးပါ။
3.ဆံထုံးတွင်အလှဆင်ပါ။
ပန်းခေါင်းစည်းဖြင့်အလှဆင်ပါမည်။
ဆံထုံးတွင် ပတ်၍မြဲအောင် ကလစ်ဖြင့်ထိုးပါ။