ဆန်းပြားလှပ၍ ခေတ်ဆန်သောဆံထုံးပုံစံလေးကို ပျိုမေလေးများလှပစေရန်ရည်ရွယ်၍ ပြုလုပ်ပုံအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။
1.ကွင်းပုံစံပြုလုပ်ပါ။
ထိပ်မှဆံပင်အနည်းငယ်ကိုယူ၍ အနောက်တွင် သရေကွင်းဖြင့်စည်းပါ။
ဘေးမှဆံပင်အနည်းငယ်ကို ယူပါမည်။
နောက်တစ်ဖက်မှလည်းဆံပင်အနည်းငယ်ကို ထပ်ယူပါမည်။
ယူထားသောဆံပင်နှစ်ချောင်းကို ချည်လိုက်ပါမည်။
သရေကွင်းကို အုပ်သွားရန်တင်းနေအောင် ဆွဲ၍ချည်လိုက်ပါမည်။
ပြေမကျအောင် ကလစ်ဖြင့်ထိုးပါမည်။
2.ကွင်းပုံစံပြုလုပ်ပါ။
အောက်တွင်ကျန်သောဆံပင်များကိုလည်း အပေါ်တွင်ဖော်ပြထားသလို ချည်၍ကလစ်ဖြင့် ထိုးပါမည်။
အောက်ဆုံးအထိချည်ပါမည်။
ဆံပင်အဖျားကို သရေကွင်းဖြင့်စည်းပါမည်။
ချည်ထားသောဆံပင်ကို အထဲကိုခေါက်သွင်းလိုက်ပါမည်။
ကလစ်ထိုးလိုက်ပါမည်။