ဧည့်ခံပွဲများတွင် ဆွမ်းကျွမ်းသတို့သမီးလေးများသာမက မေမေတို့ပါထုံးဖွဲ့လို့ရသည့် နောက်တွဲပန်းအလှဆံထုံးလေးကို အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်နော်။
1. ရှေ့ဆံပင်ကို အရင်ပြုလုပ်ပါမည်။
ရှေ့ဆံပင်ကို ဘေးခွဲပါ။
ကျန်ဆံပင်မှ အနည်းငယ်ကိုနောက်သို့ယူ၍ သားရေကွင်းဖြင့်စည်းပါ။
ဘဲဥပုံကွင်းကိုအသုံးပြုပါမည်။
ဘယ်ဘက်ရှေ့မှချန်ထားသောဆံပင်ကို ကွင်းထဲသို့ထည့်ပါ။
အောက်ဘက်သို့ ဆွဲချပါ။
2. ဘေးခွဲဆံပင်ကို လိမ်ပါမည်။
ရှေ့ခြမ်းမှဆံပင်ကို ဘီးဖြင့်ခြစ်ပါ။
ရှေ့ဆံပင်ကို လိမ်ယူပါ။
လိမ်ထားသောဆံပင်ကို ကွင်းထဲသို့ထည့်ပါ။
အောက်ဘက်သို့ ဆွဲချပါ။
3. ဘေးဆံပင်များကို ကွင်းထဲထည့်ပါ။
ဘယ်ဘက်မှဆံပင်အနည်းငယ်ကိုထပ်ယူ၍ ကွင်းထဲသို့ထည့်ပါ။
အောက်ဘက်သို့ ဆွဲချပါ။
ညာဘက်မှဆံပင်အနည်းငယ်ကိုထပ်ယူ၍ ကွင်းထဲသို့ထည့်ပါ။
အောက်ဘက်သို့ ဆွဲချပါ။
4. နောက်တွဲကျစ်ဆံမြှီးဆံထုံးပြုလုပ်ပါမည်။
ပိုသောဆံပင်အားလုံးကို ကျစ်ဆံမြှီးကျစ်ပါ။
အဆုံးထိကျစ်သွားပါ။
အတွင်းသို့ခေါက်ပါ။
ကလစ်ဖြင့်ထိုးပါ။
ပန်းများ ဖြင့်အလှဆင်ပါ။