အလှူမင်္ဂလာပွဲများတွင် ကိုယ်တိုင်ထုံးဖွဲ့လို့ရသည့် ရိုးရိုးလေးနှင့်လှသော မုန့်ကြိုးလိမ်အပတ်ဆံထုံး ထုံးဖွဲ့နည်းကို အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်နော်။
1. ဆံပင်ကိုဖွ၍ ဆံထုံးပြုလုပ်ပါမည်။
အပေါ်ဆံပင်တစ်လွှာကို ယူပါ။
သားရေကွင်းတပ်ထားသော ကလစ်ဖြင့်ပတ်ပါ။
ဆံပင်ကို ဖွပေးပါ။
အတွင်းသို့လိပ်ပေးပါ။
ကလစ်ဖြင့်မြဲအောင် ထိုးပေးပါ။
2. ဘေးဘက်မှ ဆံပင်များကို ဆံထုံးတွင် ပတ်ပါ။
ဘယ်ဘက်မှ ဆံပင်အနည်းငယ်ကို ယူ၍ဆံထုံးပေါ်သို့ အုပ်ပေးပါ။
ကလစ်ဖြင့်ထိုးပါ။
ညာဘက်မှ ဆံပင်အနည်းငယ်ကို ယူ၍ဆံထုံးပေါ်သို့ ထပ်အုပ်ပါ။
ကလစ်ဖြင့်ထိုးပါ။
3. မုန့်ကြိုးလိမ်ကို ဆံထုံးတွင် ပတ်ပါ။
အောက်ဘက်မှ ကျန်ဆံပင်ကို မုန့်ကြိုးလိမ်လုပ်ပါမည်။
မုန့်ကြိုးလိမ်၂ခုကျစ်ပါမည်။
မုန့်ကြိုးလိမ် ၁စဖြင့် ဆံထုံးကို ပတ်ပါ။
ကလစ်ဖြင့်ထိုးပါ။
ကျန်၁စကိုယူပါ။
ကျန်၁စဖြင့် ပတ်ပါ။
ကလစ်ဖြင့်ထိုးပါ။
ပန်းများဖြင့်အလှဆင်ပါ။