ပျိုမေလေးများလှပစေရန် ပြုလုပ်ရလွယ်ကူပြီး အလွန်လှပသောဆံထုံးပုံစံအသစ်လေး ပြုလုပ်ပုံအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။
1.ကျစ်ဆံမြှီးကျစ်ပါ။
ဆံပင်အားလုံးကို နှစ်ခြမ်းခွဲပါမည်။
တစ်ဖက်မှဆံပင်အနည်းငယ်ကို ယူပါမည်။
ယူထားသော ဆံပင်ကို သုံးချောင်းခွဲ၍ ကျစ်ဆံမြှီးကျစ်ပါမည်။
ရှေ့မှဆံပင်အနည်းငယ်ကို ထပ်ယူပါမည်။
ကျစ်ဆံမြှီးကိုယူလိုက်သော ဆံပင်နှင့်ပူးပါ။
ဘေးမှဆံပင်အနည်းငယ်ကို ထပ်ယူပါမည်။
ကျစ်ဆံမြှီးကိုယူလိုက်သော ဆံပင်နှင့်ပူးပါ။
ပြန်ကျစ်လိုက်ပါမည်။
ဘေးမှဆံပင်ကို ဆွဲယူ၍ ဆက်ကျစ်ပါမည်။
သရေကွင်းစည်းပါမည်။
2.ကျစ်ဆံမြှီးကျစ်ပါ။
ကျစ်ထားသောဆံပင်ကို ဖွပါမည်။
နောက်တစ်ဘက်မှဆံပင်ကိုလည်း အပေါ်တွင်ဖော်ပြထားသည့်အတိုင်း ဆက်လက်လုပ်ဆောင်ပါမည်။
3.ဆံထုံးထုံးပါ။
ကျန်သောအစနှစ်ဖက်ကို ယူပါ။
နှစ်ပင်ပူး၍ လိမ်ပါမည်။
လိမ်ထားသောဆံပင်ကို အနောက်တွင်ပတ်တင်ပါမည်။
အစကိုအတွင်းထဲရောက်အောင်သေချာလိပ်ထည့်ပါမည်။
ကလစ်ထိုးပါမည်။