ကိုယ်တိုင်လုပ်လို့ရတဲ့ ပုံစံလေးဖြစ်တဲ့အတွက် YUYU ရဲ့မဒီလေးများ လုပ်ရလွယ်ကူစေရန် အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်နော်။
1.ကျစ်ဆံမြီးအကပ်ကျစ်ပါမည်။
ညာဘက်မှ ရှေ့ဆံပင်အနည်းငယ်ကို ယူ၍ကျစ်ဆံမြှီး ကျစ်ပါမည်။
ဘေးဘက်မှ ဆံပင်အနည်းငယ်ကို ယူပါ။
ကျစ်ထားသောဆံပင်နှင့် ပေါင်းကျစ်ပါ။
ဘေးမှ ဆံပင်အနည်းငယ်ကို ယူပါ။
ကျစ်ဆံမြီးနှင့်ပေါင်းကျစ်ပါ။
အဆုံးထိကျစ်ပါ။
2.ကျစ်ဆံမြှီးအကပ် နောက်တခုထပ်ကျစ်ပါမည်။
ညာဘက်မှ ဒုတိယလိုင်းဆံပင်ကို ယူ၍ကျစ်ဆံမြှီး ကျစ်ပါမည်။
ဘေးဘက်မှ ဆံပင်အနည်းငယ်ကို ယူပါ။
ကျစ်ထားသောဆံပင်နှင့် ပေါင်းကျစ်ပါ။
ဘေးမှ ဆံပင်အနည်းငယ်ကို ယူပါ။
ကျစ်ဆံမြီးနှင့်ပေါင်းကျစ်ပါ။
အဆုံးထိကျစ်ပါ။
ဘယ်ဘက်မှဆံပင်ကိုလဲ ညာဘက်အတိုင်း ကျစ်ပါမည်။
3. ဘယ်ဘက်မှကျစ်ဆံမြှီးကို အလှပြုလုပ်ပါမည်။
ဘယ်ဘက်နောက်မှ ၁စကိုယူပါ။
ခွေ၍ အလယ်နေရာတွင် ကလစ်ဖြင့်ထိုးပါ။
ရှေ့ဆုံးမှကျစ်ဆံမြှီး ကိုယူပါ။
အလယ်နေရာတွင် ထပ်၍ကလစ်ဖြင့်ထိုးပါ။
အစွန်း၂ဖက်ကို စု၍ကလစ်ဖြင့်ထိုးပါ။
4.ညာဘက်မှ ကျစ်ဆံမြှီးကို အလှပြုလုပ်ပါမည်။
ညာဘက်နောက်မှ ၁စကိုယူပါ။
ခွေ၍ အလယ်နေရာတွင် ကလစ်ဖြင့်ထိုးပါ။
ရှေ့ဆုံးမှကျစ်ဆံမြှီး ကိုလဲယူ၍ အလယ်တွင်ကလစ်ဖြင့်ထိုးပါ။
အစွန်း၂ဖက်ကို စု၍ကလစ်ဖြင့်ထိုးပါ။
အလှဆင်ပါမည်။