YUYU BEAUTY ကို စောင့်မျှော်အားပေးနေသော တီတီ မမတို့အတွက် လုပ်ရလဲလွယ်ကူသလို ရှင်းရှင်းလေးနှင့် လှပစေမည့် ၂ထပ်အမြင့်ဆံထုံးလေးကို အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်နော်။
1. ပထမဆုံး ဆံပင်ကို စည်းပါမည်။
သားရေကွင်းတပ်ထားသော ကလစ်ကိုအသုံးပြုပါမည်။
နားနောက်မှခွဲထားသောဆံပင်မှ တစ်ဝက်ကို သားရေကွင်းဖြင့်စည်းပါ။
အောက်ဘက်မှ ကျန်သောဆံပင်အားလုံးကို အပေါ်သို့စုယူပါ။
အပေါ်ဆံပင်နှင့်ပေါင်း၍ စုစည်းပါ။
2. ရှေ့ဆံပင်ကို ဘေးခွဲပြုလုပ်ပါမည်။
ညာဘက်မှရှေ့ဆံပင်ကို နောက်သို့ယူပါ။
ကလစ်ဖြင့်ထိုးပါ။
ဘေးခွဲ၍ ဘယ်ဘက်မှဆံပင်ကို နောက်သို့ဆွဲယူပါ။
ကလစ်ဖြင့်ထိုးပါ။
ပိုသောဆံပင်အားလုံးကို စုထုံးထားပါ။
ကလစ်ဖြင့်ထိုးပါ။
3. ကျစ်ဆံမြှီးကျစ်၍ ဆံပင်ကို ပတ်ပေးပါ။.
စုစည်းထားသောဆံပင်များမှ အနည်းငယ်ကိုချန်ပါ။
ကျန်ဆံပင်ကို ရှေ့သို့ချ၍ တစ်ဝက်နေရာမှ သားရေကွင်းတပ်ထားသောကလစ်ဖြင့် ထိုးပါ။
ချန်ထားသောဆံပင်ကို ကျစ်ဆံမြှီးကျစ်ပါမည်။
ဆံပင်ကိုနောက်ပို့၍ ကျစ်ဆံမြှီးဖြင့်ပတ်ပြီး ကလစ်နဲ့ထိုးထားပါ။
4.ဆံထုံးပြုလုပ်၍ အလှဆင်ပါမည်။
စည်းထားသောဆံပင်အားလုံးကို ဖွပေးပါ။
ဘီးဖြင့်သပ်ရပ်အောင်ဖြီး၍ နောက်သို့ပြန်ယူပါ။
ဆံပင်တစ်ဝက်တွင် သားရေကွင်းဖြင့်စည်းပါ။
ကျန်ဆံပင်ကို အောက်ဘက်တွင်ထုံးထားသောဆံထုံးပေါ်သို့ အုပ်၍ယူပါ။
ကလစ်ဖြင့်ထိုးပါ။
ပန်းများဖြင့်အလှဆင်ပါမည်။