ဆန်းသစ်လှပကာ ပြုလုပ်၍လွယ်ကူသော ကျစ်ဆံမြှီးဆံထုံးပုံစံအသစ်လေးကို ပျိုမေလေးများပြုလုပ်ရလွယ်ကူစေရန် ပြုလုပ်ပုံအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။
1.ကျစ်ဆံမြှီးကျစ်ပါ။
ဘေးနှစ်ဖက်မှ ဆံပင်အနည်းငယ်ကို ယူပါမည်။
ယူထားသော ဆံပင်အနည်းငယ်ကို ကျစ်ဆံမြှီးကျစ်၍ ဖွပြီးသရေကွင်းဖြင့် စည်းပါမည်။
နောက်တစ်ဖက်မှ ဆံပင်ကိုလည်း ကျစ်ဆံမြှီးကျစ်၍ ဖွပြီးသရေကွင်းဖြင့် စည်းပါမည်။
ကျန်သောဆံပင်အကုန်လုံးကို အနောက်တွင် သရေကွင်းဖြင့်စည်းပါမည်။
စည်းထားသော ဆံပင်အလယ်မှနေ၍ လက်ကိုနှိုက်၍ ဆံပင်ကို ယူပါ။
ယူထားသော ဆံပင်ကိုဆွဲပါ။
ဆံပင်အကုန်လုံးကို ဆွဲထုတ်လိုက်ပါမည်။
2.ဆံထုံးထုံးပါ။
ကျန်သောဆံပင်အကုန်လုံးကို ပတ်တင်ပါမည်။
ပတ်၍ ကလစ်ထိုးပါမည်။
ရှေ့မှကျစ်ဆံမြှီးတစ်ချောင်းကို ဆံထုံးပေါ်မှ ယူလိုက်ပါမည်။
ဆံထုံးကိုပတ်၍ ကလစ်ထိုးပါမည်။
ကျစ်ဆံမြှီးနောက်တစ်ချောင်းကို ဆံထုံးပေါ်မှယူပါမည်။
ပတ်၍ကလစ်ထိုးပါမည်။
3.အလှဆင်ပါ။
ပန်းပွင့်ကြိုးလေးကို ယူပါမည်။
ပန်းပွင့်ကြိုးလေးကို ဆံထုံးတွင်ပတ်၍ ကလစ်ထိုးပါမည်။