ထသွားထလာဧည့်ခံပွဲများတွင် မိမိကိုယ်တိုင် ထုံးဖွဲ့ရအဆင်ပြေစေရန် အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်နော်။
1. ၂ ၂ကြောင်းထိုးကျစ်ပါမယ်။
ဆံပင်အကုန်လုံးကို စုစည်းပါမယ်။
စုစည်းထားသောဆံပင်များထဲမှ အပေါ်ယံဆံပင်အနည်းငယ်ကို ယူပါမယ်။
ညာဘက်ခြမ်းမှဆံပင်အနည်းငယ်ကို ယူပါမယ်။
ညာဘက်ခြမ်းမှဆံပင်အနည်းငယ်ကိုယူပြီး အလယ်ဆံပင်ပေါ်ဖြတ်၍ ဘယ်ဘက်ခြမ်းသို့ပို့ပါမယ်။
ဘယ်ဘက်ခြမ်းမှဆံပင်အနည်းငယ်ကို ယူပါမယ်။
ဘယ်ဘက်ခြမ်းမှဆံပင်အနည်းငယ်ကိုယူပြီး အလယ်ဆံပင်ပေါ်ဖြတ်၍ ညာဘက်ခြမ်းသို့ပို့ပါမယ်။
2. ၂ ၂ကြောင်းထိုး ဆက်ကျစ်ပါမယ်။
ညာဘက်ခြမ်းမှဆံပင်အနည်းငယ်ကို ယူပါမယ်။
ညာဘက်ခြမ်းမှဆံပင်အနည်းငယ်ကိုယူပြီး အလယ်ဆံပင်ပေါ်ဖြတ်၍ ဘယ်ဘက်ခြမ်းသို့ပို့ပါမယ်။
ဘယ်ဘက်ခြမ်းမှဆံပင်အနည်းငယ်ကို ယူပါမယ်။
အလယ်အစကိုယူပြီး အပေါ်သို့တွန်းတင်ပြီး သရေကွင်းဖြင့်စည်းပါမယ်။
ပိုနေသောအစကို အထဲသို့ထည့်ပါမယ်။