YUYU BEAUTY ရဲ့ပျိုမေလေးများအတွက် ရိုးရိုးလေးနှင့် ကျက်သရေရှိသော နောက်တွဲလခြမ်းဆံထုံး ထုံးဖွဲ့နည်းကို အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်နော်။
1. ရှေ့ဆံပင်ကိုဖောင်းဖောင်းလေးလုပ်ပါမည်။
သားရေကွင်းတပ်ထားသော ကလစ်ကိုအသုံးပြုပါမည်။
နောက်ဘက်မှ ဆံပင်ကိုစု၍ု သားရေကွင်းဖြင့်စည်းပါ။
ရှေ့ခြမ်းကို ၃ပိုင်းခွဲထားပါ။
အလယ်ဆံပင်ကို ဘီးဖြင့်ခြစ်ပါ။
နောက်သို့ဘီးဖြင့်သပ်ရပ်အောင် ဆွဲယူပေးပါ။
ခွကလစ်ဖြင့်ထိန်းထားပါ။
ဘေး၂ဖက်တွင် ဆံပင်ကျန်ရှိပါမည်။
2. ကျစ်ဆံမြှီးကျစ်ပါမည်။
ညာဘက်မှဆံပင်ကို ကျစ်ဆံမြှီးကျစ်ပေးပါ။
ဘယ်ဘက်မှဆံပင်ကိုလည်း ကျစ်ဆံမြှီးကျစ်ပေးပါ။
ကျစ်ဆံမြှီး၂ခုကိုစု၍ သားရေကွင်းတပ်ထားသော ကလစ်ဖြင့်ပတ်ပေးပါ။
3.နောက်တွဲဆံထုံးပြုလုပ်ပါမည်။
နောက်ဘက်ကျန်ဆံပင်ကို ဘီးဖြင့်ခြစ်ပေးပါ။
အပေါ်ယံကို သပ်ရပ်အောင် ဘီးဖြင့်ပြန်ဖြီးပါ။
ဆံပင်တစ်ဝက်ကို သားရေကွင်းဖြင့် စည်းပါ။
ပိုသောဆံပင်ကိုခေါက်၍ အောက်ဘက်သို့ထည့်ပါ။
ကလစ်ဖြင့်မြဲအောင်ထိုးပါ။
ပန်းဖြင့်အလှဆင်ပါ။