YUYU BEAUTY ကို စောင့်မျှော်အားပေးနေသော မမတို့အတွက် အလွယ်တကူ ပြုလုပ်လို့ရသည့် တစ်ဝက်ကျစ်ဆံမြှီးလေးကို အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်နော်။
1. ရှေ့ဆံပင်ကို အရင်ပြုလုပ်ပါမည်။
နားနောက်မှခွဲထားသောဆံပင်ကို ဘီးဖြင့်ခြစ်ပါ။
ခြစ်ပြီးသားဆံပင်ကို ဘီးဖြင့်သပ်ရပ်အောင်ဖြီးပါ။
ဘယ်ဘက်မှဆံပင်ကို အနည်းငယ်ယူ၍ ကလစ်ဖြင့်ထိုးပါ။
ညာဘက်မှဆံပင်ကို အနည်းငယ်ယူ၍ ကလစ်ဖြင့်ထိုးပါ။
2. ဆံပင်ကို အယှက်ခေါက်ပါမည်.
ဘယ်ဘက်မှဆံပင်အနည်းငယ်ကို ထပ်ယူ၍ခေါက်ပါ။
ကလစ်ဖြင့်ထိုးပါ။
ညာဘက်မှဆံပင်အနည်းငယ်ကိုထပ်ယူ၍ ခေါက်ပါ။
ကလစ်ဖြင့်ထိုးပါ။
ဘယ်ဘက်မှဆံပင်အနည်းငယ်ကို ခေါက်၍ကလစ်ဖြင့်ထိုးပါ။
ညာဘက်မှဆံပင်အနည်းငယ်ကို ခေါက်၍ကလစ်ဖြင့်ထိုးပါ။
ဘယ်ဘက်မှဆံပင်အနည်းငယ်ကို ထပ်ခေါက်၍ကလစ်ဖြင့်ထိုးပါ။
ညာဘက်မှဆံပင်အနည်းငယ်ကို ထပ်ခေါက်၍ကလစ်ဖြင့်ထိုးပါ။
3.ကျစ်ဆံမြှီးကျစ်ပါမည်။
ကျန်ဆံပင်မှအနည်းငယ်ကိုယူ၍ ၃စခွဲပါ။
ကျစ်ဆံမြှီးကျစ်ပါမည်။
အဆုံးထိကျစ်၍ ဖွပေးပါ။
အပေါ်သို့လှန်တင်၍ ကလစ်ဖြင့်ထိုးပါ။