ကျောင်းသွားရုံးတက်အဆင်ပြေစေနိင်ပြီး ချစ်စရာကောင်းသော ဆံပင်စည်းနည်းလေးကို ပျိုမေလေးများတွက် မိတ်ဆက်ပေးလိုက်ပါတယ်။
1. ဖဲပြားပုံပြုလုပ်ပါမယ်။
ဆံပင်အကုန်လုံးကို စုစည်းပါမယ်။
စည်းထားသောဆံပင်ထဲမှဆံပင်၃ ပုံ ၁ ပုံခန့်ယူပါမယ်။
ယူထားသောဆံပင်ကိုဘေးဘက်တွင်ခေါက်ပါမယ်။
ခေါက်ထားသောဆံပင်ပုံမပျက်အောင် သရေကွင်းဖြင့်စည်းပါမယ်။
2. ဖဲပြားပုံပြုလုပ်ပါမယ်။
ညာဘက်ခြမ်းမှဆံပင်ကိုလည်း ၃ ပုံ ၁ ပုံ ခန့်ယူပြီးဖဲပြားပုံဖြစ်အောင်ခေါက်ပေးပါမယ်။
သရေကွင်းဖြင့် ခေါက်ထားသောဆံပင်ကိုပုံမပျက်အောင် ချည်ပါမယ်။
အောက်မှပိုသောအစကို ယူပါမယ်။
ပိုသောအစကိုအပေးသို့ကွင်းတံမှတစ်ဆင့်ထည့်ပါမယ်။
အပြင်သို့ပြန်ထုတ်ပါမယ်။
3. ကျစ်ဆံမြှီးကျစ်ပါမယ်။
ဖဲပြားအောက်မှဆံပင်အနည်းငယ်ကို ယူပါမယ်။
အနည်းငယ်ယူထားသောဆံပင်ကို ကျစ်ဆံမြှီးကျစ်ပါမယ်။