ထသွားထလာ လုပ်ရလွယ်ကူ၍ ရိုးရိုးလေးနဲ့လှသော တခြမ်းစောင်းဆံပင်စည်းနည်းအဆင့်ဆင့်ကျုဖော်ပြပေးလိုက်ပါတယ်နော်။
1. အရင်ဆုံး ဆံပင်ကို ခွဲကြောင်းချပါမည်။
နားနောက်မှ ၂ပိုင်းခွဲ၍ ဘေးတစောင်းစည်းပါ။
ရှေ့ဆံပင်ကို ဘေးခွဲကြောင်းယူပါမည်။
ဘေးတစောင်းပုံစံနောက်သို့ ဆွဲယူပါ။
စည်းထားသောဆံပင်ကို ပတ်ပေးပါ။
ပတ်၍ကလစ်ဖြင့်ထိုးပါ။
2. ညာဘက်မှဆံပင်ကို မုန့်ကြိုးလိမ်လုပ်ပါမည်။
ညာဘက်ဆံပင်ကို ၂ဆခွဲပါ။
လိမ်ပါမည်။
ရှေ့ဆံပင်အနည်းငယ်ကိုယူပါ။
လိမ်ထားသောဆံပင်နှင့်ပေါင်းပါ။
အဆုံးထိ လိမ်ပါမည်။
စည်းထားသောဆံပင်ကို လိမ်ထားသောဆံပင်နှင့် ပတ်ပါ။
ကလစ်ဖြင့်ထိုးပါ။
ပန်းများဖြင့် အလှဆင်ပါမည်။