ပြုလုပ်ရလွယ်ကူပြီး ဆန်းသစ်လှပသော ကျစ်ဆံမြှီးပုံစံ Hair design အသစ်လေးကို ပျိုမေလေးများ လှပစေရန် ရည်ရွယ်၍ ပြုလုပ်ပုံကို အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်။
1.ကျစ်ဆံမြှီးကျစ်ပါ။
ဆံပင်အကုန်လုံးကို ဘေးကိုယူ၍ တစ်လွှာကို သရေကွင်းဖြင့် စည်းပါမည်။
စည်းထားသောဆီမှ ဆံပင်အနည်းကို ယူလိုက်ပါမည်။
ယူထားသော ဆံပင်ကို ပတ်လိုက်ပြီး ကလစ်ထိုးပါမည်။
အနောက်တွင် ကျန်သော ဆံပင်အားလုံးကိုစု၍ သရေကွင်းစည်းပါမည်။
အရှေ့မှဆံပင်ကို နှစ်ချောင်းခွဲပါလိုက်မည်။
အနောက်မှဆံပင်ကိုခွဲထားသော ဆံပင်ထဲကိုထည့်၍ သရေကွင်းစည်းပါမည်။
အရှေ့မှဆံပင်ကို နှစ်ချောင်းခွဲပါမည်။
အနောက်မှဆံပင်ကို ခွဲထားသောဆံပင်ထဲသို့ထည့်၍ သရေကွင်းစည်းပါမည်။
အပေါ်တွင် ဖော်ပြထားသည့်အတိုင်း ဆက်လက်လုပ်ဆောင်သွားပါမည်။
သရေကွင်းစည်းပါမည်။
2.အလှဆင်ပါ။
ကြိုက်နှစ်သက်ရာဖြင့် အလှဆင်နိုင်ပါသည်။
ပန်းကို ဆံပင်အဖျားနားတွင်ထိုးလိုက်ပါမည်။