ပြုလုပ်ရလွယ်ကူပြီး ဆန်းသစ်လှပသော Hair design အသစ်လေးကို ပျိုမေလေးများ လှပစေရန် ရည်ရွယ်၍ ပြုလုပ်ပုံကို အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်။
1.ကျစ်ဆံမြှီးကျစ်ပါ။
ရှေ့မှဆံပင်အနည်းငယ်ကို ယူပါမည်။
ယူထားသော ဆံပင်ကို ခဏဖယ်ထားပြီး နောက်မှဆံပင်အနည်းငယ်ကို ထပ်ယူပါမည်။
ဘီးနှင့်ခြစ်ပါမည်။
ခြစ်ထားသော ဆံပင်ကိုနောက်ကို လှန်ပြီးကလစ်ထိုးပါမည်။
ရှေ့မှဆံပင်ကို သုံးချောင်းခွဲပါမည်။
စကျစ်ပါမည်။
ဘေးမှဆံပင်အနည်းငယ်ကို ယူပါမည်။
ယူထားသော ဆံပင်ကို ကျစ်ထားသော ဆံပင်နှင့်ပူးပါမည်။
ပြန်ကျစ်ပါမည်။
ဘေးမှဆံပင်အနည်းငယ်ကို ယူပါမည်။
ယူထားသော ဆံပင်ကို ကျစ်ထားသော ဆံပင်နှင့်ပူးပါမည်။
ပြန်ကျစ်ပါမည်။
အောက်အထိကျစ်ပြီး သရေကွင်းစည်းပါမည်။
2.ဆံပင်ကိုစည်းပါ။
အပေါ်ပိုင်းကို ကျစ်ဆံမြှီးကျစ်ပြီးပြီဖြစ်ပါသည်။
ဆံပင်အကုန်လုံးကို သရေကွင်းဖြင့် စည်းပါမည်။
ဆံပင်အနည်းငယ်ကို ယူကာ ပတ်လိုက်ပါမည်။
ကလစ်ထိုးပါမည်။