ပြုလုပ်ရလွယ်ကူပြီး ဆန်းသစ်လှပသော Hair design အသစ်လေးကို ပျိုမေလေးများ လှပစေရန် ရည်ရွယ်၍ ပြုလုပ်ပုံကို အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်။
1.ငါးရိုးကျစ်ပါ။
ထိပ်မှ ဆံပင်အနည်းငယ်ကို ယူပါမည်။
ယူထားသော ဆံပင်ကို သုံးချောင်းခွဲလိုက်ပါမည်။
ကျစ်ဆံမြှီးကျစ်ပါမည်။
ဘေးမှဆံပင်အနည်းကို ယူပါမည်။
ယူထားသော ဆံပင်ကို ကျစ်ဆံမြှီးကျစ်ထားသော ဆံပင်နှင့် ပူးပါမည်။
ပြန်ကျစ်လိုက်ပါမည်။
ဘေးမှဆံပင်အနည်းငယ်ကို ယူပါမည်။
ယူထားသော ဆံပင်ကို ကျစ်ဆံမြှီးကျစ်ထားသော ဆံပင်နှင့် ပူးပါမည်။
ပြန်ကျစ်လိုက်ပါမည်။
အောက်အထိဆက်ကျစ်သွားပါမည်။
သရေကွင်းစည်းပါမည်။
2.ကျစ်ဆံမြှီးကျစ်ပါ။
ကျန်သော ဆံပင်အားလုံးကို ယူ၍ကျစ်ဆံမြှီးကျစ်ပြီး သရေကွင်းစည်းပါမည်။
ကျစ်ဆံမြှီးကို ဖွပါမည်။
ကျစ်ဆံမြှီးကို အပေါ်ကိုပတ်တင်ပါမည်။
ကလစ်ထိုးပါမည်။