ကျက်သရေရှိသော လှပတင့်တယ်သော ဘေးဆံမြိတ်အပုံ့ထုံးနည်းကို
ပျိုမေများထုံးဖွဲ့လွယ်ကူစေရန် အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်နော်။
1.အပုံ့ဆံထုံးလုပ်ပါမည်။
နားနောက်မှ ၂ပိုင်းခွဲ၍ ထိပ်မှဆံပင်ကို တ၀က်စည်းပါ။
စည်းထားသော ဆံပင်ကိုထုံး၍ ကလစ်ဖြင့်ထိုးပါ။
ဆံခံကို အသုံးပြုပေးပါ။
ဆံခံကို ထုံးထားသောဆံပင်ပေါ်သို့ အုပ်၍ကလစ်ဖြင့်ထိုးပါ။
2.ဘယ်ဘက်ဆံပင်ကို အရင်ပြုလုပ်ပါမည်။
အောက်ဘက်တွင် ကျန်သောဆံပင်ကိုစု၍ ဖြီးပေးပါ။
အပေါ်သို့စုတင်၍ သားရေကွင်းစည်းထားသော ကလစ်ဖြင့်ထိုးပါ။
ဘယ်ဘက်မှဆံပင်ကို ဘီးဖြင့်ခြစ်ပါ။
နောက်ဘက်သို့ စုယူပါ။
ဆံထုံးနောက်တွင် ကလစ်ဖြင့်ထိုးပါ။
3.ညာဘက်ဆံပင်ကို ဆက်လုပ်ပါမည်။
ညာဘက်ရှေ့ဆံပင်ကို ဘီးဖြင့်ခြစ်ပေးပါ။
နောက်ဘက်သို့ စုယူပါ။
ဆံထုံးနောက်တွင် ကလစ်ဖြင့်ထိုးပါ။
ဆံခံပေါ်သို့ပတ်၍ ကလစ်ဖြင့်ထိုးပါ။
ကလစ်ဖြင့်ထိုးပါ။
4. ရှေ့ဆံပင်ကို နောက်သို့ယူ၍ ပတ်ပါ။
ရှေ့ဘက်တွင်ချန်ထားသော ဆံပင်ကို ဘီးဖြင့်ခြစ်ပါ။
နောက်ဘက်သို့ စုယူ၍ ကလစ်ဖြင့်ထိုးပါ။
ဆံခံပေါ်သို့ပတ်၍ ကလစ်ဖြင့်ထိုးပါ။
5.ဆံထိုးများဖြင့်အလှဆင်ပါမည်။
အောက်ဘက်တွင် ကျန်သောဆံပင်မှ အနည်းငယ်ကိုယူပါ။
အခွေပုံစံပြုလုပ်ပေးပါ။
ဆံခံပေါ်သို့ကပ်၍ ကလစ်ဖြင့်ထိုးပါ။
Fancy ဆံထိုးများဖြင့်အလှဆင်ပါ။