ထသွားထလာသွားရာတွင် အလွယ်တကူပြုလုပ်၍ ရနိုင်ပြီး ပျိုမေလေးများနှင့် အလွန်လိုက်ဖက်မှုရှိသော Hair Design အသစ်လေးပြုလုပ်နည်းကို အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်။
1.ဆံပင်ကို စည်းပါ။
ဆံပင်အားလုံးကို ယူပြီး Pony Tails စည်းပါမည်။
စည်းထားသောစီမှ ဆံပင်အနည်းငယ်ကို ယူပါမည်။
ယူထားသော ဆံပင်ကို ကျစ်ဆံမြှီးကျစ်ပါမည်။
အောက်ဆုံးအထိဆက်ကျစ်သွားပါမည်။
သရေကွင်းစည်းပါမည်။
ကျစ်ဆံမြှီးနှင့် ပူးပြီး သရေကွင်းစည်းပါမည်။
သရေကွင်းကို ကျစ်ဆံမြှီးဆုံးသည်အထိ စည်းသွားပါမည်။
ဘေးမှ ဆံပင်နှစ်ဖက်ကို ဖွပါမည်။
2.အလှဆင်ပါ။
ကြိုက်နှစ်သက်ရာနှင့် အလှဆင်နိုင်ပါသည်။
ဆံထိုးကို သရေကွင်းစည်းထားသော နေရာများတွင် ထိုးလိုက်ပါမည်။