ညပွဲများ၊ ကမ်းခြေသို့သွားသော အခါများတွင် အလွန်လိုက်ဖက်မှုရှိပြီး ပြုလုပ်ရလွယ်ကူသော hair design အသစ်လေးကို ပျိုမေလေးများ လှပစေရန် ရည်ရွယ်၍ မိတ်ဆက်ပေးလိုက်ပါသည်။
1.ဆံပင်ကို ခွဲပါ။
ဆံပင်ကို အလယ်တည့်တည့်မှ မခွဲပဲ ခွဲကြောင်းကို ဘယ်ဖက်သို့ တိုး၍ ခွဲကာ အမြင့်စည်းပါမည်။
အနောက်ကိုလည်း အလယ်ခွဲပါ။
ခွဲထားသော ဆံပင်ကို နှစ်ချောင်းခွဲပါမည်။
ညာဖက်မှ ဆံပင်အနည်းငယ်ကို ယူပါမည်။
ယူထားသော ဆံပင်ကို ဆန့်ကျင်ဖက်ဆံပင်ရှိသို့ ပို့ပြီး ပူးလိုက်ပါမည်။
ပူးထားသောဖက်မှ ဆံပင်အနည်းငယ်ကို ပြန်ယူပါမည်။
ယူထားသော ဆံပင်ကို ဆန့်ကျင်ဖက်ဆံပင်ရှိသို့ ပို့ပြီး ပူးလိုက်ပါမည်။
ဆက်ကျစ်ပါမည်။
အောက်ဆုံးအထိ ဆက်ကျစ်သွားပါမည်။
သရေကွင်းစည်းပါမည်။
ကျစ်ထားသော ဆံပင်ကို ဖွပါမည်။
နောက်တစ်ဖက်မှ ဆံပင်ကိုလည်း အပေါ်တွင် ဖော်ပြထားသလို ဆက်ကျစ်သွားပြီး ဖွပါမည်။
2.ဖွပြီးပါပြီ။
နှစ်ဖက်လုံးကို ဖွပြီးပြီ ဖြစ်ပါသည်။
ကျစ်ဆံမြှီးကို အပေါ်မှနေပြီး နောက်တစ်ချောင်းအောက်ထည့်၍ ယူလိုက်ပါမည်။
ကျန်သော အစကို အနောက်သို့ ပတ်လိုက်ပါမည်။
ကလစ်ထိုးပါမည်။
ကျန်နေသော တစ်ချောင်းကို အနောက်မှ ယူလိုက်ပါမည်။
အရှေ့ဖက်မှ ယူ၍ ပတ်လိုက်ပါမည်။
ကလစ်ထိုးပါမည်။