အလှူမင်္ဂလာပွဲများသွားရောက်မည့် ပျိုမေလေးများတွက် လှပရိုးရှင်းသော လှပသော နှင်းဆီတစ်ပွင့်နောက်တွဲဆံထုံးလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။
1.ဘယ်ညာဆံပင်ကိုအနည်းငယ်ဆီချန်ပါမယ်။
ဘယ်ဘက်ခြမ်းမှဆံပင်ကိုအနည်းငယ်ချန်ပါမယ်။
ညာဘက်ခြမ်းမှဆံပင်ကိုလည်း အရှေ့ပိုင်းတွင်အနည်းငယ်ချန်ပါမယ်။
2. ငါးရိုးကျစ်ပါမယ်။
ဆံပင်အနည်းငယ်ကိုယူပါမယ်။
အနည်းငယ်ယူထားသောဆံပင်ကို ၃ ချောင်းခွဲပါမယ်။
ကျစ်ဆံမြှီးကျစ်ပါမယ်။
ဘယ်ဘက်ခြမ်းမှဆံပင်အနည်းငယ်ကိုယူပါမယ်။
ဘယ်ဘက်ခြမ်းမှအနည်းငယ်ယူထားသောဆံပင်ကိုကျစ်ဆံမြှီးရောကျစ်ပါမယ်။
ညာဘက်ခြမ်းမှဆံပင်အနည်းငယ်ကိုယူပါမယ်။
အနည်းငယ်ယူထားသောဆံပင်ကိုကျစ်ဆံမြှီးရောကျစ်ပါမယ်။
ဆက်လက်လုပ်ဆောင်ပါမယ်။
သရေကွင်းဖြင့်စည်းပါမယ်။
3. ဆံထုံးထုံးပါမယ်။
ကျစ်ဆံမြှီးကျစ်ထားသောဆံပင်ကိုအထဲသို့လိပ်ထည့်ပါမယ်။
အနည်းငယ်လိပ်ထည့်ထားသောဆံပင်ကိုကလစ်ဖြင့်ထိုးပါမယ်။
4. ပန်းပွင့်ပုံပြုလုပ်ပါမယ်။
အရှေ့မှချန်ထားသောဆံပင်ကို ၃ ချောင်းခွဲပါမယ်။
ကျစ်ဆံမြီးကျစ်ပါမယ်။
ကျစ်ဆံမြှီးကျစ်ထားသောဆံပင်ကိုပန်းပွင့်ပုံဖြစ်အောင်ခွေပေးပါမယ်။
ခွေထားသောဆံပင်ကို ကလစ်ဖြင့်ထိုးပါမယ်။
ညာဘက်ခြမ်းကိုလည်းဘယ်ဘက်ခြမ်းတိုင်းကျစ်ဆံမြှီးကျစ်ပြီးခွေပါမယ်။