မြန်မာဆန်ဆန်ရိုးရိုးရှင်းရှင်းလေးနဲ့စတိုင်ကျလှပစေမည့် ကျစ်ဆံမြှီးနှစ်ဖက်ယှက်အလှချည်နည်းလေးကို ဖန်တီးပေးလိုက်ပါတယ်။
1. ကျစ်ဆံမြှီးကျစ်ပါမယ်။
ဆံပင်ထိပ်မှဆံပင်အနည်းငယ်ကို ယူပါမယ်။
သုံးချောင်းခွဲပါမယ်။
ကျစ်ဆံမြှီးကျစ်ပါမယ်။
အောက်မှဆံပင်အနည်းငယ်ကို ယူပါမယ်။
အနည်းငယ်ယူထားသောဆံပင်ကို ကျစ်ဆံမြှီးနှင့်ရောကျစ်ပါမယ်။
ဆက်လက်လုပ်ဆောင်ပါမယ်။
ကျစ်ဆံမြှီးကျစ်ထားသောဆံပင်ကိုသရေကွင်းဖြင့်စည်းပါမယ်။
ဘယ်ဘက်ခြမ်းကိုလည်းညာဘက်ခြမ်းအတိုင်းပြုလုပ်ပါမယ်။
2. ကျစ်ဆံမြှီးနှစ်ဖက်ကိုယှက်ပါမယ်။
ကျစ်ထားသောကျစ်ဆံမြှီးနှစ်ဖက်ကိုဖြန့်ချပါမယ်။
ဘယ်ဘက်ခြမ်းမှကျစ်ဆံမြှီးကိုညာဘက်သို့ပို့ပါမယ်။
ဘယ်ဘက်ခြမ်းမှယူထားသောဆံပင်ကိုခိုင်ခန့်အောင်ကလစ်ဖြင့်ထိုးပါမယ်။
ညာဘက်ခြမ်းမှကျစ်ဆံမြှီးကိုဘယ်ဘက်သို့ပို့ပါမယ်။
ညာဘက်ခြမ်းမှယူထားသောဆံပင်ကိုခိုင်ခန့်အောင်ကလစ်ဖြင့်ထိုးပါမယ်။