မြန်မာဆန်ဆန်ရိုးရိုးရှင်းရှင်းလေးနဲ့စတိုင်ကျလှပစေမည့် ကျစ်ဆံမြှီးနှစ်ဖက်ယှက်ဆံထုံးလေးကို ဖန်တိးပေးလိုက်ပါတယ်။
1. ကျစ်ဆံမြှီးကျစ်ပါမယ်။
ဆံပင်ထိပ်မှဆံပင်အနည်းငယ်ကို ယူပါမယ်။
သုံးချောင်းခွဲပါမယ်။
ကျစ်ဆံမြှီးကျစ်ပါမယ်။
အောက်မှဆံပင်အနည်းငယ်ကို ယူပါမယ်။
အနည်းငယ်ယူထားသောဆံပင်ကို ကျစ်ဆံမြှီးနှင့်ရောကျစ်ပါမယ်။
ဆက်လက်လုပ်ဆောင်ပါမယ်။
ကျစ်ဆံမြှီးကျစ်ထားသောဆံပင်ကိုသရေကွင်းဖြင့်စည်းပါမယ်။
ဘယ်ဘက်ခြမ်းကိုလည်းညာဘက်ခြမ်းတိုင်းပြုလုပ်ပါမယ်။
2. Donut ကွင်းကို အသုံးပြုပါမယ်။
ဆံပင်အကုန်လုံးကိုစုစည်းပါမယ်။
Donut ကွင်းကို သုံးပါမယ်။
Donut ကွင်းကိုခိုင်ခန့်အောင် ကလစ်ဖြင့်ထိုးပါမယ်။
Donut ကွင်းပေါ်ကို ဆံပင်ကိုဖြန့်အုပ်ပြီး သရေကွင်းဖြင့်အုပ်ပါမယ်။
3. ပိုသောအစကိုခွေပြီးထည့်ပါမယ်။
ပိုသောအစကို နှစ်ခြမ်းခွဲပြီး လိမ်ပါမယ်။
ပိုနေသောအစကို လိမ်ပါမယ်။
လိမ်ထားသောအစကိုခိုင်ခန့်အောင် ကလစ်ဖြင့်ထိုးပါမယ်။
4.ကျစ်ဆံမြှီး ၂ ဖက်ကိုယှက်ပါမယ်။
ဘယ်ညာ ကျစ်ထားသောကျစ်ဆံမြှီးကို နှစ်ဖက်ပေါင်းယှက်ပါမယ်။
ဆံထုံးကို ပတ်ပါမယ်။
ပတ်ထားသောဆံပင်ကိုခိုင်ခန့်အောင်ကလစ်ဖြင့်ထိုးပါမယ်။