ပျိုမေလေးများကို လှပစေချင်သောကြောင့် ဆန်းသစ်လှပသော ကျစ်ဆံမြှီးဆံထုံးပြုလုပ်ပုံ အဆင့်ဆင့်ကို မိတ်ဆက်ပေးလိုက်ပါတယ်။
1.ဆံပင်ကို ယူပါ။
ရှေ့မှ ဆံပင်ကို အလယ်ခွဲကာ ဘေးနှစ်ဖက်မှ ဆံပင်ကို ယူပါမည်။
အနောက်တွင် ကျန်ခဲ့သော ဆံပင်အားလုံးကို သရေကွင်းဖြင့် စည်းပါမည်။
ဘယ်ဖက်အခြမ်းတွင်ရှိသော ဆံပင်ကို အပေါ်အောက်ညီအောင်ခွဲပါမည်။
အပေါ်မှ ယူထားသော ဆံပင်ကို သုံးချောင်းခွဲပါမည်။
ကျစ်ဆံမြှီးကျစ်ပါမည်။
သရေကွင်းစည်းပါမည်
ကျစ်ဆံမြှီးကျစ်ထားသော အောက်မှ ဆံပင်ကို သုံးချောင်းခွဲပါမည်။
ကျစ်ဆံမြှီးကျစ်ပါမည်။
သရေကွင်းစည်းပါမည်။
ကျစ်ထားသော ဆံပင်ကို ဖွပါမည်။
ညာဖက်အခြမ်းကိုလည်း အပေါ်တွင်ဖော်ပြထားသည့်အတိုင်း ကျစ်ဆံမြှီးကျစ်ပါမည်။
2.ကျစ်ဆံမြှီးကို ယူပါ။
ဘယ်ဖက်အပေါ်မှ ကျစ်ဆံမြှီးတစ်ချောင်းကို ယူ၍ အနောက်တွင် စည်းထားသော ဆံပင်ပေါ်သို့ တစောင်းပုံစံတင်ပါမည်။
အောက်တွင် စည်းထားသော ဆံပင်ကို ပတ်လိုက်ပါမည်။
ကလစ်ထိုးပါမည်။
ညာဖက်မှ ကျစ်ဆံမြှီးတစ်ချောင်းကို တစောင်းပုံစံထပ်ပတ်လိုက်ပါမည်။
ကလစ်ထိုးပါမည်။
ဘယ်ဖက်တွင် ကျန်နေသော ကျစ်ဆံမြှီးကိုယူ၍ ပတ်လိုက်ပါမည်။
ကလစ်ထိုးပါမည်။
ညာဖက်တွင် ကျန်နေသော ကျစ်ဆံမြှီးကိုလည်း ယူ၍ ထပ်ပတ်လိုက်ပါမည်။
ကလစ်ထိုးပါမည်။
Cross ပုံစံအတိုင်းဖြစ်သွားသည်ကို မြင်တွေ့ရပါသည်။
ကျန်သော ဆံပင်အားလုံးကို ကျစ်ဆံမြှီးကျစ်ပါမည်။
အောက်အထိကျစ်ပြီး သရေကွင်းစည်းပါမည်။
3.ဆံပင်ကို လိပ်တင်ပါ။
ကျစ်ထားသော ဆံပင်ကို အောက်အဖျားမှနေ၍ အပေါ်ကို လိပ်တင်သွားပါမည်။
အပေါ်ထိလိပ်တင်ပြီး ကလစ်ထိုးပါမည်။
4.အလှဆင်ပါ။
ကြိုက်နှစ်သက်ရာနှင့် ဆံထိုးဖြင့် အလှဆင်နိုင်ပါသည်။
ဆံထိုးကို ဘေးတစောင်းနေရာတွင် ထိုးလိုက်ပါမည်။