လွယ်ကူရိုးရှင်းပြီး ပြုလုပ်ရလွယ်ကူစေမည့် မြင်သူတိုင်းငေးမောစေမည့် ကျစ်ဆံမြှီးအယှက် hair design လေးကို မိတ်ဆက်ပေးလိုက်ပါတယ်။
1.ဆံပင်ကို ယူပါ။
ဘယ်ဖက်ဘေးမှ ဆံပင်အနည်းငယ်ကို ယူပါမည်။
သုံးချောင်းခွဲပါမည်။
သုံးချောင်းခွဲထားသော ဆံပင်ကို ယူ၍ ကျစ်ဆံမြှီးကျစ်ပါမည်။
အောက်အထိဆက်ကျစ်သွားပါမည်။
သရေကွင်းဖြင့် စည်းပါမည်။
ကျစ်ဆံမြှီးကျစ်ထားသော အောက်မှ ဆံပင်အနည်းငယ်ကို ထပ်ယူပါမည်။
ယူထားသော ဆံပင်နှင် ကျစ်ဆံမြှီးကို ပေါင်းပါမည်။
အနောက်ကို ပို့ပါမည်။
ကလစ်ထိုးပါမည်။
ညာဖက်မှ ဆံပင်ကိုလည်း ကျစ်ဆံမြှီးကျစ်ပြီး သရေကွင်းဖြင့် စည်းပါမည်။
ကျစ်ဆံမြှီးကျစ်ထားသော အောက်မှ ဆံပင်အနည်းငယ်ကို ထပ်ယူပါမည်။
ယူထားသော ဆံပင်နှင် ကျစ်ဆံမြှီးကို ပေါင်းပြီး အနောက်ကို ပို့ပါမည်။
ကလစ်ထိုးပါမည်။
နှစ်ဖက်လုံးမှ ဆံပင်အနည်းငယ်ကို ထပ်ယူပါမည်။
ယူထားသော ဆံပင်ကို ယှက်ပါမည်။
ယှက်ထားသော ဆံပင်ကို အောက်ထဲသို့ထည့်ပြီး အစကို ယူပါမည်။
အစနှစ်ဖက်ကို သရေကွင်းဖြင့် စည်းပါမည်။
2.အလှဆင်ပါ။
ကြိုက်နှစ်သက်ရာပန်းဖြင့် အလှဆင်နိုင်ပါသည်။
ပန်းကို အနောက်တွင်ထိုးလိုက်ပါမည်။