အလှူမင်္ဂလာပွဲများသွားလျှင်ထုံးလို့ရပြီး ကြော့ရှင်းသောမိန်းကလေးတစ်ယောက်ရဲ့အမူအရာကိုပေါ်လွင်အောင်နောက်တွဲဆံထုံးကိုပျိုမေတို့တွက်ထပ်မံဖန်တီးပြုလုပ်ပေးထားပါတယ်။
1. Donut ကွင်းကိုအသုံးပြုပါမယ်။
ပုံတွင်ပြထားသည့်အတိုင်းအရှေံပိုင်းမှဆံပင်ကိုအနည်းငယ်ချန်ပါမယ်။
သရေကွင်းဖြင့်စည်းပါမယ်။
Donut ကွင်းကိုအသုံးပြုပါမယ်။
Donut ကွင်းကိုစည်းထားသောဆံပင်ထဲသို့ထည့်ပြီးခိုင်ခန့်အောင်ကလစ်ဖြင့်ထိုးပါမယ်။
2. လိမ်ပါမယ်။
စည်းထားသောဆံပင်ကို ၂ ခြမ်းခွဲပါမယ်။
တစ်ခြမ်းခွဲထားသောဆံပင်ကို ၂ခြမ်းပြန်ခွဲပါမယ်။
၂ ခြမ်းခွဲထားသောဆံပင်ကို လိမ်ပါမယ်။
3. ဆံထုံးထုံးပါမယ်။
လိမ်ထားသောဆံပင်ကို့ ပြန်ခွေပါမယ်။
ခွေထားသောဆံပင်ကိုခိုင်ခန့်အောင် ကလစ်ဖြင့်ထိုးပါမယ်။
ညာဘက်ခြမ်းမှကျန်နေသောဆံပင်ကို လိမ်ပါမယ်။
လိမ်ထားသောဆံပင်ကို ဆံထုံးပုံဖြစ်အောင်ခွေပေးပါမယ်။
ခိုင်ခန့်အောင် ကလစ်ဖြင့်ထိုးပါမယ်။
4. လိမ်ပါမယ်။
အရှေ့မှဆံပင်ကိုအနည်းငယ်ယူပါမယ်။
၂ ခြမ်းခွဲပြီး လိမ်ပါမယ်။
အောက်မှဆံပင်အနည်းငယ်ကိုယူပါမယ်။
အနည်းငယ်ယူထားသောဆံပင်ကို လိမ်ပါမယ်။
5. ဆံထုံးပေါ်ပြန်ပတ်ပါမယ်။
လိမ်ထားသောဆံပင်ကို ထုံးထားသောဆံထုံးပေါ်ပြန်တင်ပါမယ်။
ပြန်ပတ်ပါမယ်။
ခိုင်ခန့်အောင်ကလစ်ဖြင့်ထိုးပါမယ်။
ဘယ်ဘက်ခြမ်းကိုလည်း ညာဘက်ခြမ်းကဲ့သို့ပြုလုပ်ပါမယ်။