ပျိုမေလေးများလွယ်ကူစွာပြုလုပ်နိုင်စေရန် နောက်ဆံမြိတ်အခွေလေးကို အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်နော်။
1. ရှေ့ဆံပင်ကို ပုံသွင်းပါမည်။
နားနောက်မှခွဲ၍ နောက်ဆံပင်ကို စုစည်းပါ။
ဘယ်ဘက်ရှေ့မှချန်ထားသောဆံပင်ကိုနောက်သို့ယူပါ။
သားရေကွင်းစည်းထားသောဆံပင်ပေါ်သို့အုပ်၍ ကလစ်ဖြင့်ထိုးပါ။
ညာဘက်ရှေ့မှချန်ထားသောဆံပင်ကိုနောက်သို့ယူပါ။
သားရေကွင်းစည်းထားသောဆံပင်ပေါ်သို့အုပ်၍ ကလစ်ဖြင့်ထိုးပါ။
2. အခွေပြုလုပ်ပါမည်။
ပိုသောဆံပင်စကို ခွေပါ။
ကလစ်ဖြင့်ထိုးပါ။
ပိုသောဆံပင်စကို ခွေပါ။
ကလစ်ဖြင့်ထိုးပါ။
Fancy ဆံထိုးကို အသုံးပြုပေးပါ။