ပျိုမေများအတွက် အလွယ်တကူပြုလုပ်၍ ရနိုင်ပြီး ရိုးရှင်းသော ဆံထုံးပုံဆန်းလေးကို လူတိုင်းနှင့် လိုက်ဖက်မူရှိစေရန် ရည်ရွယ်ပြီး တင်ပြပေးလိုက်ပါတယ်။
1.ဆံပင်ကို အနောက်သို့ ယူပါ။
အရှေ့မှ ဆံပင်တစ်ဝက်ကို အနောက်သို့ ယူ၍ သရေကွင်းဖြင့် စည်းပါမည်။
စည်းထားသော ဆံပင်ကို လိမ်လိုက်ပါမည်။
လိမ်ထားသော ဆံပင်ကို အပေါ်ကို ပတ်တင်လိုက်ပါမည်။
ကလစ်ထိုးပါမည်။
ဘယ်ဖက်အနောက်မှ ဆံပင်အနည်းငယ်ကို ယူပါမည်။
ယူထားသော ဆံပင်ကို အပေါ်ဆံထုံးပေါ်ကို ပတ်ပါမည်။
ဆံပင်အကုန်လုံးကို ဆံထုံးကို ပတ်လိုက်ပါမည်။
ကလစ်ထိုးပါမည်။
ညာဖက်အနောက်မှ ဆံပင်အနည်းငယ်ကို ယူပါမည်။
ယူထားသော ဆံပင်ကို အပေါ်ဆံထုံးပေါ်ကို ပတ်ပါမည်။
ကလစ်ထိုးပါမည်။
ကျန်သော ဆံပင်ကို အလယ်ခွဲလိုက်ပါမည်။
တစ်ဖက်ကို လိမ်လိုက်ပါမည်။
လိမ်ထားသော ဆံပင်ကို ဆံထုံးပေါ်ကို ပတ်တင်ပြီး ကလစ်ထိုးပါမည်။
နောက်တစ်ဖက်ကို လိမ်လိုက်ပါမည်။
လိမ်ထားသော ဆံပင်ကို ပတ်တင်ပြီး ကလစ်ဖြင့် ထိုးလိုက်ပါမည်။