အလှူ့အမကြီးများအတွက် ကျက်သရေရှိရှိနှင့်လှပစေမည့် ခရုပတ်အခွေဆံထုံးလေးကို အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်နော်။
1.ကျစ်ဆံမြီးအကပ်ကျစ်ပါမည်။
ပုံတွင်ပြထားသည့်အတိုင်း ၃ပိုင်းခွဲပါ။
ညာဘက်ခြမ်းမှဆံပင်အနည်းငယ်ကို ယူပါ။
ကျစ်ဆံမြီးကျစ်ပါ။
အပြင်ခြမ်းမှ ဆံပင်အနည်းငယ်ကိုယူပါ။
ကျစ်ထားသောဆံပင်နှင့်ပေါင်းပါ။
အတွင်းဘက်မှ ဆံပင်အနည်းငယ်ကို ယူပါ။
ကျစ်ထားသောဆံပင်နှင့်ပေါင်းပါ။
အပြင်ခြမ်းမှ ဆံပင်အနည်းငယ်ကိုယူပါ။
ကျစ်ထားသောဆံပင်နှင့်ပေါင်းပါ။
ကျစ်ဆံမြီးကို ဆက်ကျစ်ပါမည်။
အဆုံးထိကျစ်၍ သားရေကွင်းဖြင့်စည်းပါ။
ကျစ်ထားသောဆံပင်ကိုခေါက်ပေးပါ။
ခေါက်ထားသောနေရာကို ကလစ်ဖြင့်ထိုးပါ။
ထိပ်ဘက်ကို ခွဖြင့်ထိုးပါ။
2 . ခရုပတ်အခွေဆံထုံး ပြုလုပ်ပါမည်။
ဆံပင်ကိုဖွပေးပါ။
ဘယ်ဘက်ခြမ်းသို့ဆံပင်ကိုသိမ်း၍ ကလစ်ဖြင့်ထိုးပါ။
ကလစ်ကိုအပေါ်ထိတောက်လျှောက်ထိုးပါ။
ခရုခွေပုံစံမျိုးဖြစ်သွားပါမည်။
ကလစ်ဖြင့်မြဲအောင်ထိုးပါ။
ရှေ့မှကျန်သောဆံပင်အနည်းငယ်ကိုယူပါ။
ခရုခွေပေါ်တွင် ပတ်ပေးပါ။
အဖျားကိုအခွေလုပ်၍ ခွကလစ်ဖြင့်ထိုးပါ။
ကျန်ဆံပင်ကိုထပ်ယူပါမယ်။
ခရုခွေဆံထုံးပေါ်တွင် ပတ်ပေးပါ။
အဖျားကိုအခွေလုပ်၍ ခွကလစ်ဖြင့်ထိုးပါ။
ရှေ့မှကျန်သောဆံပင်အားလုံးကို နဖူးပေါ်တွင်အုပ်ပါ။
ဆံထုံးပေါ်တွင် ပတ်ပေးပါ။
ပုလဲဆံထိုးဖြင့်အလှဆင်ပါ။