လွတ်လပ်စွာ သွားလာရာတွင်လည်း ပြုလုပ်နိုင်သည့် ကျစ်ဆံမြှီး hair design လေးကို မိတ်ဆက်ပေးလိုက်ပါတယ်။
1.ရှေ့ဆံပင်ကို ယူပါ။
ရှေ့ဆံပင်အနည်းငယ်ကို ချထားပြီး ကျန်ဆံပင်များကို အနောက်ကိုပို့ ပြီး ဘဲညှပ်ဖြင့် ထိုးထားပါမည်။
အနောက်တစောင်းမှ ဆံပင်အနည်းငယ်ကို ယူပါမည်။
သုံးချောင်းခွဲပါမည်။
ခွဲထားသော ဆံပင်ကို ကျစ်ဆံမြှီးကျစ်ပါမည်။
အောက်ဖက်မှ ဆံပင်အနည်းငယ်ကို ဆွဲယူပါမည်။
ယူထားသော ဆံပင်ကို ကျစ်ဆံမြှီးကျစ်ထားသော ဆံပင်နှင့် ပေါင်းလိုက်ပါမည်။
အပေါ်ဖက်မှ ဆံပင်အနည်းငယ်ကို ဆွဲယူပါမည်။
ယူထားသော ဆံပင်ကို ကျစ်ဆံမြှီးကျစ်ထားသော ဆံပင်နှင့် ပူးလိုက်ပါမည်။
ပူးလိုက်သော ဆံပင်ကို ကျစ်ဆံမြှီးဆက်ကျစ်သွားပါမည်။
နားအပေါ်လောက်ထိ ဆက်ကျစ်သွားပါမည်။
သရေကွင်းဖြင့် စည်းပါမည်။
2.ဆံပင်ကို ဖြည်ချပါ။
ကျစ်ဆံမြှီးပေါ်ကို ဆံပင်ကို ဖြည်ချလိုက်ပါမည်။