ပျိုမေလေးများ အလွယ်တကူပြုလုပ်၍ ပွဲသွားပွဲလာအဆင်ပြေစေမည့် နှစ်ပင်ယှက်ဆံထုံးလေးကို ဖန်တီးပေးလိုက်ပါတယ်။
1.ဆံပင်ကို အနည်းငယ်ယူပါမည်။
ရှေ့မှ ဆံပင်အနည်းငယ်ကို ယူပါမည်။
အနောက်တွင် ကျန်သော ဆံပင်အားလုံးကို သရေကွင်းဖြင့် စည်းပါမည်။
စည်းထားသော ဆံပင်အားလုံးကို လိမ်လိုက်ပါမည်။
လိမ်ထားသော ဆံပင်ကို အပေါ်ကို ပတ်တင်လိုက်ပါမည်။
ကလစ်ထိုးပါမည်။
2.ရှေ့ဆံပင်ကို ယူပါ။
ယူထားသော ဆံပင်ကို ဘီးဖြင့် ခြစ်ပါမည်။
ညာဖက်ခြမ်းမှ ဆံပင်ကို ယူပါမည်။
ယူထားသော ဆံပင်ကို အနောက်တွင် ရှိသော ဆံထုံးကို ပတ်ပါမည်။
ကလစ်ဖြင့် ထိုးပါမည်။
ဘယ်ဖက်ခြမ်းမှ ဆံပင်ကို ယူပါမည်။
ယူထားသော ဆံပင်ကို အနောက်တွင် ရှိသော ဆံထုံးကို ပတ်ပါမည်။
ကလစ်ဖြင့် ထိုးပါမည်။
3.အလှဆင်ပါ။
ပန်းပွင့်လေးဖြင့် အလှဆင်ပါမည်။
ပန်းကို ဘေးတစောင်းကို ထိုးလိုက်ပါမည်။