ဧည်ခံပွဲများနှင့်အထူးလိုက်ဖက်သော Fancy နောက်တွဲဖဲပြား ပြုလုပ်ပုံအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်နော်။
1.ဘယ်ဘက်ဆံပင်ကို ကျစ်ဆံမြီး အကပ်ကျစ်ပါမည်။
ရှေ့ဆံပင်အနည်းငယ်ကိုယူ၍ သားရေကွင်းဖြင့်စည်းပါ။
ကျစ်ဆံမြီးစကျစ်ပါ။
အပြင်ဘက်မှ ဆံပင်အနည်းငယ်ကို ယူပါ။
ကျစ်ထားသောဆံပင်နှင့်ပေါင်းပါ။
ကျစ်ထားသော ဆံပင်မှ ၂စခွဲ၍ တစကိုချန်ပါ။
အတွင်းဘက်မှ ဆံပင်အနည်းငယ်ကိုယူပါ။
ကျစ်ထားသောဆံပင်နှင့်ပေါင်းပါ။
အပြင်ဘက်မှ ဆံပင်အနည်းငယ်ကို ယူပါ။
ကျစ်ထားသောဆံပင်နှင့်ပေါင်းပါ။
ကျစ်ထားသော ဆံပင်မှ ၂စခွဲ၍ တစကိုချန်ပါ။
အပြင်ဘက်မှ ဆံပင်အနည်းငယ်ကို ယူပါ။
ကျစ်ထားသောဆံပင်နှင့်ပေါင်းပါ။
ဆံပင်တ၀က်ထိ ဆက်ကျစ်ပါ။
2. ညာဘက်မှဆံပင်ကိုလဲ ဘယ်ဘက်မှအတိုင်းကျစ်ပါမည်။
ကျစ်ဆံမြီးစကျစ်ပါ။
အပြင်ဘက်မှ ဆံပင်အနည်းငယ်ကို ယူပါ။
ကျစ်ထားသောဆံပင်နှင့်ပေါင်းပါ။
ကျစ်ထားသော ဆံပင်မှ ၂စခွဲ၍ တစကိုချန်ပါ။
ဆံပင်တ၀က်ထိ ကျစ်ပေးပါ။
3.ငါးရိုးကျစ်ဆံမြီး ကျစ်ပါမည်။
ရှေ့မှ သားရေကွင်းစည်းထားသော ဆံပင်ကို ယူပါမည်။
ဆံပင်ကို၂စခွဲ၍ ဆံပင်အနည်းငယ်ကို ယူပါ။
တဘက်ခြမ်းသို့ ပို့ပေးပါ။
ရှေ့ဘက်မှ ချန်ထားသောဆံပင်ကိုယူပါ။
တဘက်ခြမ်းသို့ပို့ပေးပါ။
ဆံပင်အနည်းငယ်ကို ယူပါ။
တဘက်ခြမ်းသို့ပို့ပေးပါ။
ရှေ့ဘက်မှ ချန်ထားသောဆံပင်ကိုယူပါ။
တဘက်ခြမ်းသို့ပို့ပေးပါ။
ဆံပင်အနည်းငယ်ကို ယူပါ။
တဘက်ခြမ်းသို့ပို့ပေးပါ။
ရှေ့ဘက်မှ ချန်ထားသောဆံပင်ကိုယူပါ။
တဘက်ခြမ်းသို့ပို့ပေးပါ။
ဆံပင်အနည်းငယ်ကို ယူပါ။
တဘက်ခြမ်းသို့ပို့ပေးပါ။
ရှေ့ဘက်မှ ချန်ထားသောဆံပင်ကိုယူပါ။
တဘက်ခြမ်းသို့ပို့ပေးပါ။
ဆံပင်တ၀က်တွင် သားရေကွင်းဖြင့်စည်းပါ။
4.ဖဲပြားပုံစံ ပြုလုပ်ပါမည်။
ဆံပင်အနည်းငယ်ကို ယူ၍တ၀က်စည်းပါ။
တ၀က်စည်းထားသောဆံပင်ကို ခေါက်၍ဆံပင်အရင်းတွင် ကလစ်ဖြင့်ထိုးပါ။
ကျန်သောဆံပင်အနည်းငယ်ကို ယူ၍တ၀က်စည်းပါ။
တ၀က်စည်းထားသောဆံပင်ကို ခေါက်၍ဆံပင်အရင်းတွင် ကလစ်ဖြင့်ထိုးပါ။
ပိုသောဆံပင်ကို အလယ်မှ လိပ်ပါ။
အလယ်တည့်တည့်မှ ပတ်၍ကလစ်ဖြင့်ထိုးပါ။
ပန်းခေါင်းစီးဖြင့် အလှဆင်ပါ။
ကလစ်ဖြင့်ထိုးပါ။