မနက်စောစောအလုပ်ရှုပ်သူများအတွက် ကျောင်းသွားဖို့ပြင်ဆင်ချိန်၊ အလုပ်သွားဖို့ပြင်ဆင်ချိန်၊ အင်္ကျီလဲ အလှပြင်ပြီးချိန်တွင် Hair styleအတွက်စဉ်းစားမရသော သူများအတွက်အလွယ်ကူဆုံးနဲ့ ချစ်စရာကောင်းသောပုံစံလေးကို ဖော်ပြပေးလိုက်ပါတယ်။ ဘယ်သူမဆိုအလွယ်တကူ လုပ်လို့ရတဲ့ပုံစံလေးပါ။ ♡
1.ဆံပင်အားလုံးကိုအနောက်ပို့ပြီးချထားလိုက်ပါ။
2.ဆံပင်အားလုံးသိမ်းပြီးချည်လိုက်ပါ
3.ချည်ထားတဲ့အစိတ်ပိုင်းကို အနည်းငယ်ခွဲလိုက်ပါ
4.နှစ်ဖက်ခွဲထားတဲ့အထဲ ချည်ထားတဲ့ဆံပင်များကို အပေါ်ကနေထည့်လိုက်ပါ
ပထမဆုံးအကြိမ်အခြေအနေ
ပထမတစ်ကြိမ်ထဲနဲ့ကို တော်တော်ချစ်စရာကောင်းနေပြီ
အမြဲတမ်းလိုလိုလုပ်ဖြစ်မယ်ထင်ပါတယ်။
အနည်းငယ်ကပ်သီးကပ်သပ်ဖြစ်ပေမယ့် ချစ်စရာကောင်းတဲ့ပုံစံလေးပါ။ ♡
5.နောက်တစ်ကြိမ်ထပ်မံပြီး ချည်ထားတဲ့ဆံပင်များကိုထည့်လိုက်ပါ။
ကိုယ့်ရဲ့ဆံပင်အတိုအရှည်ပေါ်မူတည်ပြီး ဆံပင်အားလုံးကို ပထမနည်းအတိုင်းထည့်သွားပါ။
6.နောက်ဆုံးအနေနဲ့ ဆံပင်များကိုအတွင်းထဲသို့ထည့်ပြီး ပင်အပ်(သို့မဟုတ်) ကလစ်ကလေးဖြင့်ထိုးလိုက်ပါ။
မြင်နေကျဆံထုံးများနဲ့မတူဘဲကွဲပြားတဲ့ပုံစံလေးပါ။
ဆံထုံးကိုလှပတဲ့Accessoriesလေးတွေနဲ့အလှဆင်လိုက်ရင် ပိုပြီးချစ်စရာကောင်းသွားမှာပါ။
ဆံပင်တစ်ဝက်စည်းတဲ့ ပုံစံလေးလဲလုပ်လို့ရတာကြောင့် လုပ်ကြည့်ကျရအောင်!
ပြည့်စုံသွားပါပြီ။ !!
တစ်ဝက်စည်းတဲ့ပုံစံလေးကို လုပ်မယ်ဆိုရင် ဆံပင်ကိုတစ်ဝက်တိတိစည်းဖို့ အကြံပေးချင်ပါတယ်။ ♪