ပျိုမေများအတွက်လှပတင့်တယ်စေပြီး လူငယ်လဲဆန်၍ ပေါ့ပေါ့ပါးပါးလဲဖြစ်သည့် ၂ချောင်းထိုးအပွကျစ်နည်းလေးကို အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်နော်။
1.အလယ်မှနေ၍ ဆံပင်ကို ၂ပိုင်းခွဲပါမည်။
ခွဲထားသောဆံပင်၏ ညာဘက်ခြမ်းမှ ဆံပင်ကိုအနည်းငယ်ယူပါမည်။
2.ညာဘက်ခြမ်းမှ အနည်းငယ် ယူထားသော ဆံပင်ကိုဘယ်ဘက်ကိုပို့၍ ဘယ်ဘက်ခြမ်းမှ ဆံပင်အနည်းငယ်ကိုယူ၍ ညာဘက်ကို ပို့ပေးရပါမည်။
ညာဘက်ခြမ်းမှ အနည်းငယ် ယူထားသောဆံပင်ကို ဘယ်ဘက်ကိုပို့၍ ဘယ်ဘက်ခြမ်းမှ ဆံပင်အနည်းငယ်ကိုယူ၍ ညာဘက်ကို ပို့ပေးရပါမည်။
အထက်ပါအတိုင်း ဆက်လက်၍ လုပ်ဆောင်ပေးပါ။
3.ဆံပင်ကိုအဆုံးထိ ကျစ်ပေးပါ။
ကျစ်ထားသောဆံပင်ကို တခုစီခြား၍ ဖွပေးပါ။
ဆံပင်အဖျားထိဖွပေးပါ။
4.မိမိနှစ်သက်ရာ fancy ကို အသုံးပြုပေးနိုင်ပါသည်။
ပြီးပြည့်စုံသော ၂ချောင်းထိုးအပွကျစ်နည်းကို ရရှိပါပြီ။