ကိုယ်တိုင်ပြုလုပ်လိုသည့် ပျိုမေများအတွက် fancy နောက်တွဲလုပ်နည်း အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်နော်။
1.အပေါ်ယံဆံပင်တစ်ဝက်ကို ယူပါမည်။
ယူထားသောဆံပင်ကို ကလစ်ဖြင့်မြဲအောင် ထိုးပေးပါ။
2.စည်းထားသောဆံပင်၏ ဘယ်ဘက်အောက်ဘက်မှဆံပင်အနည်းငယ်ကို ယူပါမည်။
ယူထားသောဆံပင်ကို ၂ခုခွဲထားပါ။
၂ခုခွဲထားသောဆံပင်ကို မုန့်ကြိုးလိမ်ပုံစံလိမ်ပါ။
3.စည်းထားသောဆံပင်၏ ညာဘက်အောက်ဘက်မှဆံပင်အနည်းငယ်ကို ၂ခုခွဲ ယူပါမည်။
၂ခုခွဲထားသောဆံပင်ကို မုန့်ကြိုးလိမ်ပုံစံလိမ်ပါ။
ဘယ်ဘက်မှဆံပင်နှင့် ညာဘက်မှဆံပင်ကိုစု၍ သရေကြိုးဖြင့်စည်းပါ။
4.စည်းထားသောဆံပင်၏ ဘယ်ဘက်အောက်ဘက်မှဆံပင်အနည်းငယ်ကို ၂ခုခွဲ ယူပါမည်။
၂ခုခွဲထားသောဆံပင်ကို မုန့်ကြိုးလိမ်ပုံစံလိမ်ပါ။
5.စည်းထားသောဆံပင်၏ ညာဘက်အောက်ဘက်မှဆံပင်အနည်းငယ်ကို ၂ခုခွဲ ယူပါမည်။
၂ခုခွဲထားသောဆံပင်ကို မုန့်ကြိုးလိမ်ပုံစံလိမ်ပါ။
ဘယ်ဘက်မှဆံပင်နှင့် ညာဘက်မှဆံပင်ကိုစု၍ သရေကြိုးဖြင့်စည်းပါ။
6.အထက်ပါအတိုင်း ဆံပင်အဖျားထိဆက်လက် လုပ်ဆောင်ပေးရပါမည်။
မုန့်ကြိုးလိမ်ဆံပင်လေးများကို နည်းနည်းစီဆွဲပြီး ဖွပေးပါ။
ဆံပင်အဖျားထိဖွပေးရပါမည်။
ထိပ်ဆုံးတွင် ကလစ်ထိုးထားသောဆံပင်မှ ကလစ်များ ပြန်ဖြုတ်ပေးပါ။