ပျိုမေများ အတွက် လွယ်ကူစွာပြုလုပ်နိုင်ပြီး အချိန်ကုန် သက်သာစေသော ဆံထုံးပုံစံလေးပဲ ဖြစ်ပါတယ်။
1.ဆံပင်ကို နှစ်ပိုင်းခွဲပါ။
ဆံပင်ကို ဘယ်ညာနှစ်ပိုင်း ခွဲပါမည်။
2.ဘယ်ဘက်ခြမ်းရှိ ဆံပင်ကို လိပ်ပါ။
ဘယ်ဘက်ခြမ်းရှိ ဆံပင်ကိုနှစ်ဖက်ခွဲ၍ အလိပ်ပြုလုပ်ပါမည်။
3.ကလစ်တွယ်ပါ။
ဘယ်ဘက်ခြမ်းရှိ လိမ်ထားသော ဆံပင်ကို ဆံထုံးပုံစံ ခွေ၍ ကလစ်ဖြင့် တွယ်ပါမည်။
4.ညာဘက်ဆံပင်ကို လည်းအလိမ်ပြုလုပ်ပါ။
ညာဘက်ဆံပင်ကို လည်းဆုံးသည်အထိ လိမ်ပါမည်။
5.ဆံထုံးပုံစံ အခွေပြုလုပ်ပါ။
ညာဘက်လိမ်ထားသော ဆံပင်ကို ဘယ်ဘက်တွင်ရစ်ခွေထားသော ဆံထုံးအပေါ်မှယူ၍ ရစ်ခွေပြီး ဆံထုံးပုံစံပြုလုပ်ပါမည်။
6.ကလစ်တွယ်ပါ။
ဆံထုံးပုံစံ ပြုလုပ်ထားသောဆံပင်ကို ကလစ်ဖြင့်တွယ်ပါမည်။
7.ဆံထုံးကို အလှဆင်ပါ။
မိမိကြိုက်နှစ်သက်ရာ ပန်းဖြင့် အလှဆင်ပါမည်။