ပျိုမေများ အတွက် အလွယ်တကူပြုလုပ်နိုင်သည့် နောက်တွဲဆံထုံးလေး နှင့် မိတ်ဆက်ပေးလိုက်ပါတယ်။
1.နှစ်ပင်လိမ်ပါ။
ဘယ်ဘက်မှဆံပင်နှစ်ခုကိုလိမ်ပါ။
ညာဘက်မှဆံပင်နှစ်ခုကိုလိမ်ပါ။
လိမ်ထားသောဆံပင်နှစ်ခုကို နောက်သို့ယူ၍သားရေကြိုးဖြင့်ချည်ပါ။
2.ဆံထုံးပြုလုပ်ပါ။
ဆံပင်အားလုံးကိုပေါင်းလိုက်ပါ။
ဆံပင်အားလုံးပေါင်းယူထားသောဆံပင်များကိုအပေါ်ကိုတင်၍ ဘယ်ဘက်မှနှစ်ပင်လိမ်ထားသောဆံပင်အတွင်းထည့်လိုက်ပါ။
ဘယ်ဘက်မှပိုချန်သောဆံပင်အားညာဘက်သို့ယူ၍ ညာဘက်မှနှစ်ပင်လိမ်ထားသောဆံပင်အတွင်းထည့်လိုက်ပါ။
ပိုချန်သောဆံပင်ကိုအောက်အတွင်းတွင်ထည့်၍ ကလစ်ထိုးလိုက်ပါ။
3.အလှဆင်ပါမည်။
မိမိနှစ်သက်ရာပန်းများဖြင့်အလှဆင်ပါမည်။