Halloween Party မှာမိတ်ကပ်ဆန်းဆန်းလေးတွေ ကိုယ်တိုင်လိမ်းခြယ်လိုတဲ့ ပျိုမေများအတွက် Harley Quinn Halloween make up လိမ်းခြယ်နည်းအဆင့်ဆင့်ကို တင်ဆက်ပေးလိုက်ပါတယ်။
1.Foundationအဖြူကို အရင်ဆုံး လိမ်းထားပေးရပါမည်။
2.Eye Liner ကိုအသုံးပြုပေးရပါမည်။
အရင်ဆုံးမျက်ခွံအပေါ်နှင့်အောက်ဘက်ကို ထောင်လိုက်မျဉ်းဆွဲပေးရပါမည်။
Eye liner ညီညာစေရန် တိပ်ကိုမျက်စွံနှင့်မျက်ခုံးအစွန်းကို ချိန်ပြီးကပ်ပေးရပါမည်။
3.Eye Shadow အမဲရောင်အသုံးပြုပေးရပါမည်။
အပေါ်မျက်ခွံနောက်ဘက်နှင့်အောက်မျက်ခမ်းအရှေ့ဘက်ကို အမဲရောင်ရှဲဒိုးခြယ်ပေးပါ။
4.Eye Shadow အနီရောင်အသုံးပြုပေးရပါမည်။
အပေါ်မျက်ခွံအရှေ့ဘက်နှင့်အောက်မျက်ခမ်းအနောက်ဘက်ကို အနီရောင်ရှဲဒိုးခြယ်ပေးပါ။
မျက်ခုံးကိုလဲ အနီရောင်ရှဲဒိုးဖြင့် ခြယ်ပေးပါ။
5. နှုတ်ခမ်းဒီဇိုင်းဖော်ရန် နှုတ်ခမ်းကို ခဲတံအမဲရောင် ဖြင့်ဘောင်ကွပ်ပေးပါ။
နီညိုရောင်နှုတ်ခမ်းနီကို အတွင်းနှုတ်ခမ်းသားတွင် ဆိုးပေးပါ။
အတွင်းနှုတ်ခမ်းသားကို ရှဲဒိုးအနီဖြင့် ခြယ်ပေးပါ။