Liner ဆန်းဆန်းလေးကိုဆွဲချင်သောပျိုမေများအတွက် Heart eye liner ဆွဲနည်း အဆင့်ဆင့်လေးကို ဖော်ပြပေးလိုက်ပါသည်။
1.လိုင်နာဆွဲထားပြီး နှင့် မဆွဲထားခင် ကွာခြားပုံလေးကို နှိုင်းယှဉ်ပြထားပါသည်။
2.Eye liner pen ကိုအသုံးပြုပေးရပါမည်။
Eye liner ကို ညီညာစွာမျက်ခွံအတွင်းဘက်မှစဆွဲ၍ အဖျားကိုကော့သွားသောပုံစံမျိုး ဆွဲပေးရပါမည်။
မျက်စွန်၏အောက်နားမှ ထပ်မံ၍လိုင်နာတစ်ကြောင်းဆွဲပေးရပါမည်။
3.ကြယ်ပုံပါသည့် Eye linerကို အသုံးပြုပေးရပါမည်။
Eye liner ၂ကြောင်းဆွဲထားသည့် အဖျားဘက်တွင် ကြယ်ပုံကို မိမိကြိုက်နှစ်သက်သလိုထည့်ပေးနိုင်ပါသည်။
4.Mascara ကိုအသုံးပြုပေးရပါမည်။
မျက်လုံးကိုအောက်သို့စိုက်ထားပြီး မျက်တောင်အရင်းမှစ၍ အဖျားဘက်သို့ Mascara ဖြင့်ကော့ယူပေးရပါမည်။