အမျိုးသမီးများ အနေဖြင့် အလှူမင်္ဂလာပွဲများကို သွားလာရာတွင် ဆံပင်ကို နှစ်ပင်လိမ်၍ ထုံးနိုင်သော ဆံထုံးလေးနှင့် မိတ်ဆက်ပါတယ်။
1.ဆံပင်ကို နှစ်ပိုင်းခွဲပါ။
ဆံပင်ကို ဘယ်ညာ နှစ်ပိုင်းခွဲပါမည်။
2.နှစ်ပိုင်ထပ်ခွဲပါ။
ဘယ်ဘက်ခြမ်းမှ ဆံပင်ကိုနှစ်ပိုင်းထပ်ခွဲပါမည်။
3.ဆံပင်ကို နှစ်ပိုင်းထပ်ခွဲပါ။
ညာဘက်ရှိ ဆံပင်ကိုနှစ်ပိုင်းထပ်ခွဲပါမည်။
4. သားရေကွင်းဖြင့် ချည်ပါ။
ဘယ်ဘက်ရှိ နှစ်ပိုင်းခွဲထားသော ဆံပင်ကိုသားရေကွင်းဖြင့် ချည်ပါမည်။
5.သားရေကွင်းဖြင့် ချည်ပါ။
ညာဘက်ရှိ နှစ်ပိုင်းခွဲထားသော ဆံပင်ကိုလည်း သားရေကွင်းဖြင့် ချည်ပါမည်။
6.သားရေကွင်းချည်ထားသော ဆံပင်ကိုနှစ်ပိုင်းခွဲပါ။
သားရေကွင်းချည်ထားသော ဆံပင်ကိုနှစ်ပိုင်းထပ်ခွဲပါမည်။
7.နှစ်ချောင်းထိုး ကျစ်ပါ။
ဘယ်ဘက်ခြမ်းရှိ နှစ်ပိုင်းခွဲထားသော ဆံပင်ကို နှစ်ချောင်းထိုးကျစ်ပါမည်။
8.နှစ်ချောင်းထိုး ကျစ်ပါ။
ညာဘက်ခြမ်းရှိ နှစ်ပိုင်းခွဲထားသော ဆံပင်ကိုနှစ်ချောင်းထိုး ကျစ်ပါမည်။
9.နှစ်ပင်လိမ် ကျစ်ပါ။
ဘယ်ဘက် အရှေ့တွင်ချန်လှပ်ထားသော ဆံပင်ကို နှစ်ပင်လိမ်ကျစ်ပါမည်။
10.ကလစ်ဖြင့် တွယ်ပါ။
ဘယ်ဘက်မှ နှစ်ပင်လိမ်ထားသော ဆံပင်ကို နှစ်ချောင်းထိုး ကျစ်ထားသော ဆံပင်ကိုလိမ်၍ ကလစ်ဖြင့်ထိုးပါမည်။
11.ကလစ်ဖြင့် တွယ်ပါ။
ညာဘက်မှ နှစ်ပင်လိမ်ထားသော ဆံပင်ကိုနှစ်ချောင်းထိုး ကျစ်ထားသော ဆံပင်ကို လိမ်၍ ကလစ်ဖြင့် ထိုးပါ။
12.ဆံပင်ကို ရစ်ခွေ၍ ကလစ်ဖြင့် တွယ်ပါ။
ဘယ်ဘက်ရှိ နှစ်ချောင်းထိုး ကျစ်ထားသော ဆံပင်ကို ရစ်ခွေ၍ ကလစ်ဖြင့် တွယ်ပါမည်။
13.ဆံပင်ကို ရစ်ခွေ၍ ကလစ်ဖြင့် တွယ်ပါ။
ညာဘက်ရှိ နှစ်ချောင်းထိုး ကျစ်ထားသော ဆံပင်ကို ရစ်ခွေ၍ ကလစ်ဖြင့် တွယ်ပါမည်။
14.ပန်းဖြင့် အလှဆင်ပါ။
မိမိကြိုက်နှစ်သက်ရာပန်းဖြင့် အလှဆင်ပါမည်။