ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိစေမည့် ပန်းပွင့် ပုံဆံပင်စည်းနည်းလေးကို ပုံဖော်ပေးလိုက်ပါတယ်။
1.သုံးပိုင်းခွဲပါ။
2.သားရေကွင်းဖြင့် ချည်ပါ။
ဘေးနှစ်ဘက်ရှိဆံပင်ကို လိမ်၍ သားရေကွင်းဖြင့် ချည်ပါမည်။
3.ဆံပင်ကို နှစ်ပိုင်းထပ်ခွဲပါ။
သားရေကွင်းချည်ထားသော ဆံပင်ကိုနှစ်ပိုင်းခွဲပါမည်။
4. နှစ်ပင်လိမ်ကျစ်ပါ။
ဘယ်ဘက်ခြမ်ရှိဆံပင်ကို နှစ်ပိုင်းထပ်ခွဲပြီး နှစ်ပင်လိမ်ကျစ်ပါမည်။
5.ဆံပင်ကိုဖွပါ။
ဘယ်ဘက်ခြမ်းရှိနှစ်ပင်လိမ်ကျစ်ထားသော ဆံပင်ကို ဖွပါမည်။
6.ဆံပင်ကိုဖွပါ။
ညာဘက်ခြမ်းရှိနှစ်ပင်လိမ်ကျစ်ထားသော ဆံပင်ကို ဖွပါမည်။
7.ပန်းပွင့်ပုံစံ အခွေပြုလုပ်ပါ။
ညာဘက်မှ နှစ်ပင်လိမ်ထားသောဆံပင်ကို ပန်းပွင့်ပုံစံ အခွေပြုလုပ်ပါမည်။
8.ကလစ်ဖြင့် တွယ်ပါ။
ပန်းပွင့်ပုံစံခွေထားသော ဆံပင်ကို ကလစ်ဖြင့်တွယ်ပါမည်။
9.ကလစ်ဖြင့် တွယ်ပါ။
ဘယ်ဘက်ခြမ်းမှ ပန်းပွင့်ပုံစံ ခွေထားသော ဆံပင်ကို ကလစ်ဖြင့်တွယ်ပါမည်။
10.ဆံထိုးဖြင့် အလှဆင်ပါ။
မိမိကြိုက်နှစ်သက်ရာ ဆံထိုးဖြင့် အလှဆင်ပါမည်။