အလှုမင်္ဂလာပွဲသွားရောက်မည့်ပျိုမေလေးအတွက် အလှပြင်ဆိုင်သွားစရာမလိုဘဲ ကိုယ်တိုင်ပြုလုပ်လို့ရနိုင်ပြီး လှပပြီးချစ်စရာကောင်းသော ပွဲတက်ဖန်စီ ဆံထုံးလေးကို ဖန်တီးပေးလိုက်ပါတယ်။
1.ဆံပင်ကိုသုံးပိုင်းခွဲပါ။
ဆံပင်အားလုံးကို သုံးပိုင်းခွဲပါမည်။
2.ဆံပင်စည်းပါ။
သုံးပိုင်းခွဲထားသည့်ဆံပင်ထဲမှ အလယ်ဆံပင်ကို သားရေကြိုးဖြင့် စည်းပါမည်
3.သုံးချောင်းထိုးကျစ်ပါ။
အလယ်မှစည်းထားသော ဆံပင်ကိုသုံးပိုင်းခွဲပါမည်။
သုံးပိုင်းခွဲထားသော ဆံပင်ကို သုံးချောင်းထိုးကျစ်ပါမည်။
ဆံပင်အားလုံးဆုံးသည်အထိ သုံးချောင်းထိုးကို ဆက်၍ ကျစ်သွားပါမည်။
4.ဆံထုံးလုပ်ပါ။
သုံးချောင်းထိုးကျစ်ထားသော ဆံပင်ကို အပေါ်သို့ပြန်ပတ်ပါမည်။
ဆံပင်အားလုံးဆုံးသည်အထိ ပြန်ပတ်ပြီး အဆုံးတွင်ကလစ်ထိုးပါမည်။
5.ဆံပင်အနည်းငယ်ယူပါ။
ညာဘက်ခြမ်းအရှေ့မှ ဆံပင်အနည်းငယ်ကိုယူပါမည်။
6.သုံးချောင်းထိုးကျစ်ပါ။
အနည်းငယ်ယူထားသော ဆံပင်ကို သုံးပိုင်းခွဲပါမည်။
သုံးပိုင်းခွဲထားသောဆံပင်၏ ညာဘက်ခြမ်းမှဆံပင်ကို ဘယ်ဘက်ခြမ်းအောက်သို့ပို့ပါမည်။
ညာဘက်ခြမ်းမှဆံပင်ကို ဘယ်ဘက်ခြမ်းအောက်သို့ပို့၍ သုံးချောင်းထိုးကျစ်ပါမည်။
7.သုံးချောင်းထိုး ဆက်ကျစ်ပါ။
အောက်မှဆံပင်အနည်းငယ်ကိုယူပြီး ပထမကျစ်ထားသော အောက်ဆံပင်နှင့်ပေါင်းပါမည်။
အပေါ်ဘက်မှလည်းဆံပင်အနည်းငယ်ကိုယူပြီး ပထမကျစ်ထားသော အပေါ်ဆံပင်နှင့်ပေါင်းပါမည်။
သုံးချောင်းထိုးကျစ်သွားပါမည်။
8.သုံးချောင်းထိုးကို ဆက်၍ကျစ်သွားပါ။
အောက်မှဆံပင်အနည်းငယ် နှင့် အပေါ်မှဆံပင်အနည်းငယ်ကို ယူသွားပြီး သုံးချောင်းထိုးကိုဆက်ကျစ်သွားပါမည်။
9.သားရေကြိုးစည်းပါ။
ဆံပင်အားလုံးဆုံးသည်အထိ သုံးချောင်းထိုးကိုဆက်ကျစ်သွားပြီး အဆုံးတွင်သားရေကြိုးစည်းပါမည်။
10.ဆံပင်ကိုဖွပါ။
သုံးချောင်းထိုးကျစ်ထားသော ဆံပင်ကို အနည်းငယ်ဆီဖွပေးပါမည်။
11. ဆက်လက်လုပ်ဆောင်ပါ။
ဘယ်ဘက်ခြမ်းကိုလည်း ညာဘက်ခြမ်းကဲ့သို့ ဆက်လက်လုပ်ဆောင်သွားပါမည်။
12.ဆံပင်ကို ပြန်ပတ်ပါ။
ညာဘက်ဘက်ခြမ်းမှ သုံးချောင်းထိုးကျစ်ထားသော ဆံပင်ကို အလယ်မှထုံးထားသော ဆံပင်တွင်ပြန်၍ပတ်ပေးပါမည်။
ဆံပင်အားလုံးဆုံးသည်အထိ ပြန်ပတ်၍ အဆုံးတွင်ကလစ်ထိုးပါမည်။
13.ဘယ်ဘက်ခြမ်းမှ ဆံပင်ကိုလည်းပြန်ပတ်ပါ။
ဘယ်ဘက်ခြမ်းမှဆံပင်ကိုလည်း ညာဘက်ခြမ်းကဲ့သို့ အလယ်မှထုံးထားသော ဆံပင်တွင်ပြန်ပတ်ပေးပြီး အဆုံးတွင် ကလစ်ထိုးပါမည်။
14.အလှဆင်ပါ။
ပန်းပွင့်လေးများ၊ကျောက်ဆံထိုးလေးများဖြင့် အလှဆင်ပါမည်။