Eye brow ၃ကွက်ထဲနှင့် ဆွဲဆောင်မှုရှိသော Eye shadow ခြယ်နည်း

0

ဒီဇိုင်းခပ်မိုက်မိုက်ဝတ်ထားပြီး မျက်နှာကိုဘယ်လိုပြင်ဆင် ခြယ်သရမလဲမသိတဲ့ ပျိုမေလေးများအတွက် ခေါင်းစားစရာမလိုအောင် Eye brow ၃ကွက်ပါ pownder kate ၁ခုရှိရုံဖြင့် ညှို့မျက်ဝန်းတစ်စုံကိုဖန်တီးနိုင်ဖို့ eye shadow ခြယ်နည်း အဆင့်ဆင့်လေးကို ဖော်ပြပေးလိုက်ပါသည်။

Mistine facial essenceကို အသုံးပြုပေးရပါမည်။
Essenceကို လက်ဖ၀ါးထဲထည့်၍ မျက်နှာအနှံ့သို့ စက်ဝိုင်းပုံစံလိမ်းပေးရပါမည်။

The face shop မှ BB cream ကိုအသုံးပြုပေးရပါမည်။
BB creamကို လိုသလောက်ယူ၍ မျက်နှာအနှံ့အစက်ချပေးရပါမည်။

ရေမြှုပ်ဖော့ (သို့) စုတ်တံဖြင့် နေရာလွတ်မကျန်အောင် ညှိယူရပါမည်။

မိတ်ကပ်သားသိပ်သိပ်လေးဖြစ်ဖို့အတွက် Two way pownder သုံးပေးရပါမည်။
ပေါင်ဒါကိုလိုသလောက်ယူ၍ ရေမြှုပ်ဖော့ဖြင့်ပုတ်ပုတ်ပြီး စိတ်ရှည်ရှည်လိမ်းပေးရပါမည်။

Eye brow  ၃ကွက်ထဲမှ အသားရောင်ရှဲဒိုးကို အသုံးပြုပေးရပါမည်။
အသားရောင်ရှဲဒိုးကို မျက်ခွံအပြည့်ခြယ်ပေးရပါမည်။

Eye brow  ၃ကွက်ထဲမှ အညိုရောင်ရှဲဒိုးကို အသုံးပြုပေးရပါမည်။
အညိုရောင်ရှဲဒိုးကို မျက်လုံးထောင့်စွန်းတွင် ခြယ်ပေးရပါမည်။

Eye brow  ၃ကွက်ထဲမှ အမဲရောင်ရှဲဒိုးကိုအသုံးပြုပေးရပါမည်။
အမဲရောင်ရှဲဒိုးကို မျက်လုံးထောင့်စွန်းတွင် ခြယ်ပေးရပါမည်။

ထို့နောက် အမဲရောင်ရှဲဒိုးကို မျက်ခွံတစ်ဝက်တွင် ခြယ်ပေးရပါမည်။

အောက်မျက်ခမ်းတစ်ဝိုက်တွင် ထပ်မံခြယ်ပေးရပါမည်။

Eye brow  ၃ကွက်ထဲမှ အသားရောင်နှင့်အညိုရောင်ကို ပါးနီအဖြစ်အသုံးပြုပေးရပါမည်။
ပါးနီကိုမေးရိုးဘက်စ၍ အောက်ဘက်သို့ပြေပြေလေးလိမ်းခြယ်ပေးရပါမည်။