ချစ်စရာကောင်းပြီး လွယ်လွယ်ကူကူ ဖန်တီးနိုင်သော နှစ်ချောင်းထိုး ကျစ်ဆံမြှီးလေးကို မိတ်ဆက်ပေးလိုက်ပါတယ်။
1.အရှေ့ဆံပင်ကို နောက်သို့ ယူပါ။
အရှေ့မှ ဆံပင်အနည်းငယ်ကို အနောက်သို့ယူပါမည်။
2.ဆံပင် ကိုသုံးပိုင်းခွဲပါ။
အနည်းငယ်ယူထား သောဆံပင်ကို သုံးပိုင်းခွဲပါမည်။
3.ဘယ်ဘက်သို့ ပို့ပါ။
သုံးပိုင်း ခွဲထားသော အလယ်မှ ဆံပင်ကို ဘယ်ဘက်ဆံပင် အောက်သို့ပို့ပါမည်။
4.ညာဘက်မှ ဆံပင်ကို ဘယ်ဘက်သို့ပို့ပါ။
ညာဘက်မှ ဆံပင်ကို အပေါ်မှယူ၍ ဘယ်ဘက်သို့ပို့ပါမည်။
5.ဆံပင်အနည်းငယ် ယူပါ။
ဘယ်ဘက်သို့ပို့ထားသော အလယ်ဆံပင်ထဲမှ ဆံပင်အနည်းငယ်ကိုယူပါမည်။
6.ညာဘက်သို့ပို့ပါ။
အနည်းငယ်ယူထားသော ဆံပင်ကို ညာဘက်သို့ပို့ပါမည်။
7.ဆံပင် အနည်းငယ်ယူပါ။
ညာဘက်သို့ပို့ထားသော ဆံပင်ထဲမှ ဆံပင်အနည်းငယ်ယူပါမည်။
8.ညာဘက်မှ ဆံပင်ကို ဘယ်ဘက်သို့ပို့ပါ။
ညာဘက်မှ အနည်းငယ်ယူထားသောဆံပင်ကို ဘယ်ဘက်သို့ပို့ပါမည်။
9.အရှေ့မှ ဆံပင်အနည်းငယ်ကိုယူပါ။
ညာဘက်အရှေ့မှ ဆံပင်အနည်းငယ်ကိုယူပါမည်။
10.ဘယ်ဘက်မှ ဆံပင်အနည်းငယ်ကိုယူပါ။
ဘယ်ဘက်မှ အနည်းငယ် ယူထားသော ဆံပင်ကို အလယ်သို့ထည့်၍ နှစ်ချောင်းထိုး ကျစ်ပါမည်။
11.ဘယ်ဘက်အရှေ့မှ ဆံပင်အနည်းငယ်ယူပါ။
ဘယ်ဘက်အရှေ့မှ ဆံပင်အနည်းငယ်ယူ၍ နှစ်ချောင်းထိုးကျစ်ပါမည်။
12. နှစ်ချောင်းထိုး ကျစ်ပါ။
13.ဆံပင်ကို ဖွပါ။
နှစ်ချောင်းထိုး ကျစ်ထားသောဆံပင်ကို ဖွပါမည်။
14.သားရေကွင်း ဖြင့်ချည်ပါ။
နှစ်ချောင်းထိုး ကျစ်ထားသော ကျစ်ဆံမြှီးဆုံးသည့် နေရာတွင် သားရေကွင်းချည်ပါမည်။
15.ကလစ်ဖြင့် ထိုးပါ။
သားရေကွင်ချည်ထားသော ဆံပင်အဆုံးကို ဖဲပွင့်ပုံစံပြုလုပ်၍ ကလစ်ထိုးပါမည်။
16.ပန်းဖြင့် အလှဆင်ပါ။
မိမိကြိုက်နှစ်သက်ရာ ပန်းဖြင့်အလှဆင်ပါမည်။