၂၁ရာစုရဲ့ပျိုမေလေးများအနေဖြင့် အချိန်နှင့်တပြေးညီ သွားလာလှုပ်ရှားနေရသည့်အတွက် တနေ့တာလုံးလှပနေဖို့ အချိန်မပေးနိုင်မဖြစ်ရလေအောင် ၁၀မိနစ်အတွင်းမြန်ဆန်အောင်လိမ်းခြယ်နိုင်ဖို့ Color တစ်ရောင်ထဲကို Eye shadow နှင့် ပါးနီအဖြစ်အသုံးပြု၍ လိမ်းခြယ်နည်းအဆင့်ဆင့်ကိုဖော်ပြပေးလိုက်ပါသည်။
1.ပန်းလိမ္မော်ကို eye shadow အဖြစ် အသုံးပြုပေးပါမည်။
Eye shadowကို လိုသလောက်ယူ၍ အပေါ်မျက်ခွံပေါ်သို့ခြယ်ပေးရပါမည်။
အောက်မျက်ခမ်းကိုပါ ထပ်မံ၍ခြယ်ပေးရပါမည်။
2.Eye liner pen ကိုအသုံးပြုပေးရပါမည်။
Eye liner ကို ညီညာစွာမျက်ခွံအတွင်းဘက်မှစဆွဲ၍ အဖျားကိုကော့သွားသောပုံစံမျိုး ဆွဲပေးရပါမည်။
သေသပ်လှပသော eye liner ကိုမြင်တွေ့ရပါမည်။
3.Mascara ကိုအသုံးပြုပေးရပါမည်။
မျက်လုံးကိုအောက်သို့စိုက်ထားပြီး မျက်တောင်အရင်းမှစ၍ အဖျားဘက်သို့ကော့ယူပေးရပါမည်။
Mascara သုံးပြီးသွားချိန်တွင် လှပသောမျက်ဝန်းတစ်စုံကိုမြင်တွေ့နိုင်ပါပြီရှင်။
4.ပန်းလိမ္မော်ကို ပါးနီအနေဖြင့် အသုံးပြုပေးပါမည်။
ပါးနီကိုလိုသလောက်ယူ၍ ပါးရိုးပေါ်မှအောက်ဘက်သို့ ပြေပြေလေးခြယ်ပေးရပါမည်။
5.၁၀မိနစ်အတွင်း အားလုံးခြယ်သပြီးစီးသွားချိန်မှာ လှပသောမျက်နှာလှလှလေးကို ပိုင်ဆိုင်နိုင်ပါပြီရှင်။
အသုံးပြုတဲ့ Cosmetics များပါ။
★Product name
Revlon matt powder blush 106
★Description
ပါးပြင်အား ရှုထောင့်စုံမှ လှပစေသော အမြင်ဖြစ်စေမည်။ မျက်နှာပြင်အား ထောင့်ချိုးများဖြင့် ညီမျှလှပစေမည် ဖြစ်ပြီး သဘာဝ ဆိတ်မွှေးဘရက်ရှ်နှင့် မှန်တစ်ခု ပါဝင်ပါသည်။
★Price
$16
★Product name
Eye Mania eyeliner black
★Price
$12
★Product name
KATE black feather lash BK-1
★Description
နှစ်ဖက်အသုံးပြုနိုင်သော မျက်တောင်ကော့တံသည် သင့်ရဲ့မျက်တောင်အား ပိတုန်းရောင် နက်မှောင်စေပြီး စိုစိုပြည်ပြည်ဖြင့် ဆွဲဆောင်မှု အပြည့်ဖြစ်စေပါသည်။ ငှက်မွှေးတောင်ကဲ့သို့ နုညံ့၍ လှပသော မျက်တောင်များ ကို ရရှိစေပါမည်။
★Price
$12