ဆံထုံးထုံးရသည်ကို ကြိုက်နှစ်သက်သော ပျိုမေလေးများအတွက် အချိန်ကုန်သက်သာပြီး ပြုလုပ်ရလွယ်ကူ၍ လှပပြီး ရိုးရှင်းသော ကျစ်ဆံမြှီးဆံထုံး လေးကိုဖန်တီးပေးလိုက်ပါတယ်။
1.ဆံပင်စည်းပါ။
ဆံပင်အားလုံးကို အနောက်တွင်စု၍ စည်းပါမည်။
2.သုံးချောင်းထိုးကျစ်ပါ။
စည်းထားသော ဆံပင်ကိုသုံးပိုင်းခွဲပါမည်။
သုံးပိုင်းခွဲထားသော ဆံပင်ကို သုံးချောင်းထိုးကျစ်ပါမည်။
ဆံပင်အားလုံးဆုံးသည်အထိ ဆက်၍ကျစ်သွားပြီးအဆုံးတွင် သားရေကြိုးစည်းပါမည်။
3.ဆံပင်ကိုဖွပါ။
သုံးချောင်းထိုးကျစ်ထားသော ဆံပင်ကို အနည်းဖွပေးပါမည်။
4.ဆံထုံးလုပ်ပါ။
ဖွထားသော ကျစ်ဆံမြှီးကို အပေါ်သို့ပြန်ပတ်ပါမည်။
ဆံပင်အားလုံးဆုံးသည်အထိ ပြန်ပတ်ပြီး ဆုံးသည့်နေရာတွင် ကလစ်ထိုးပါမည်။