ပျိုမေလေးများအလှုမင်္ဂလာသွားရောက်သည့်အခါ အဆင်ပြေစေပြီး လွယ်ကူရိုးရှင်း၍ ပြုလုပ်ရတာအချိန်ကုန်သက်သာစေပြီး လှပရိုးရှင်း၍ ချစ်စရာကောင်းသော ကျစ်ဆံမြှီး နောက်တွဲဆံထုံးလေးကို ဖန်တီးပေးလိုက်ပါတယ်။
1.ဆံပင်ကိုနှစ်ပိုင်းခွဲပါ။
ဆံပင်အားလုံးကို အနောက်သို့ဖြန့်ချ၍ နှစ်ပိုင်းခွဲပါမည်။
2.သုံးချောင်းထိုးကျစ်ပါ။
ဆံပင်ကိုသုံးပိုင်းခွဲပါမည်။
သုံးပိုင်းခွဲထားသော ဆံပင်ကို သုံးချောင်းထိုးကျစ်၍ အောက်မှဆံပင်ကို အနည်းငယ်ထပ်ယူပါမည်။
အောက်မှအနည်းငယ်ယူထားသော ဆံပင်ကိုသုံးချောင်းထိုး ကျစ်ထားသော ဆံပင်နှင့်ပေါင်း၍ ကျစ်ပါမည်။
3.သုံးချောင်းထိုးဆက်ကျစ်ပါ။
သုံးချောင်းထိုးကျစ်နေရင်းဖြင့် အောက်မှဆံပင်အနည်းငယ်ကို ထပ်ယူပါမည်။
အောက်မှအနည်းငယ်ယူထားသော ဆံပင်ကိုသုံးချောင်းထိုး ကျစ်ထားသော ဆံပင်နှင့်ပေါင်း၍ ကျစ်ပါမည်။
4. ဆံပင်ဆုံးသည်အထိ ကျစ်ပါမည်။
အောက်မှဆံပင်အနည်းငယ်ဆီကို ယူပြီးသုံးချောင်းထိုးကို ဆံပင်ဆုံးသည်အထိ ဆက်၍ကျစ်သွားပါမည်။
5. ဆံပင်စည်းပါ။
သုံးချောင်းထိုးကျစ်ပြီး ဆံပင်ဆုံးသည့်နေရာတွင် သားရေကြိုးစည်းပါမည်။
6.ဆက်လက်လုပ်ဆောင်ပါ။
ညာဘက်ခြမ်းကိုလည်း ဘယ်ဘက်ခြမ်းကဲ့သို့ လုပ်ဆောင်သွားပါမည်။
7.ကလစ်ထိုးပါ။
ညာဘက်ခြမ်း မှ သုံးချောင်းထိုးကျစ်ထားသော ဆံပင်ကို ဘယ်ဘက်ခြမ်းသို့ပို့ပါမည်။
ဘယ်ဘက်ခြမ်းသို့ပို့ထားသော ဆံပင်၏အဖျားကို အနည်းငယ်လိပ်၍ ကလစ်ထိုးပါမည်။
8.ဘယ်ဘက်ခြမ်းကိုလည်း ကလစ်ထိုးပါ။
ဘယ်ဘက်ခြမ်း မှ သုံးချောင်းထိုးကျစ်ထားသော ဆံပင်ကို ညာဘက်ခြမ်းသို့ပို့ပါမည်။
ညာဘက်ခြမ်းသို့ပို့ထားသော ဆံပင်၏အဖျားကို အနည်းငယ်လိပ်၍ ကလစ်ထိုးပါမည်။
9.အလှဆင်ပါ။
ပန်းပွင့်လေးများဖြင့် အလှဆင်ပါမည်။