ဆံပင်စည်းရသည်ကိုကြိုက်နှစ်သက်သော ဆယ်ကျော်သက်ပျိုမေလေးများ အတွက် အချိန်ကုန်သက်သာပြီး ပြုလုပ်ရလွယ်ကူ၍ လှပပြီးချစ်စရာကောင်းသော ဆံပင်အလှစည်းနည်းလေးကို ဖန်တီးပေးလိုက်ပါတယ်။
1.ဆံပင်စည်းပါ။
ဘယ်ဘက်ခြမ်း နှင့် ညာဘက်ခြမ်းမှ ဆံပင်အနည်းငယ်ဆီကို ယူပါမည်။
အနည်းငယ်ယူထားသော ဆံပင်နှစ်ခုကိုစု၍ စည်းပါမည်။
2.ဆံပင်ထပ်စည်းပါ။
ပထမစည်းထားသော ဆံပင်၏အောက်ဘက်နားရှိ ဘယ်ဘက်ခြမ်း နှင့် ညာဘက်ခြမ်း မှ ဆံပင်အနည်းငယ်ဆီကို ထပ်၍ယူပါမည်။
အနည်းငယ်ယူထားသော ဆံပင်နှစ်ခုကိုလည်း အပေါ်အဆင့်ကဲ့သို့ စု၍စည်းပါမည်။
3.ဆံပင်ကို နှစ်ပိုင်းခွဲပါ။
ဒုတိယစည်းထားသော ဆံပင်ကိုအပေါ်သို့ ခနလှန်တင်ထား၍ ပထမစည်းထားသော ဆံပင်ကို နှစ်ပိုင်းခွဲပါမည်။
ပထမစည်းထားသော ဆံပင်ကို နှစ်ပိုင်းခွဲပြီးလျှင် အပေါ်သို့လှန်တင်ထားသော ဆံပင်ကိုအောက်သို့ ပြန်ချပါမည်။
4.ဆံပင်စည်းပါ။
နှစ်ပိုင်းခွဲထားသော ဘယ်ဘက်ခြမ်းဆံပင် နှင့် ဘယ်ဘက်ခြမ်းမှ ဆံပင်အနည်းငယ် ကိုထပ်ယူစုပါမည်။
ညာဘက်ခြမ်းမှဆံပင်နှစ်ကိုလည်း ဘယ်ဘက်ခြမ်းကဲ့သို့ယူ၍ စုပါမည်။
ဘယ်ဘက်ခြမ်း နှင့် ညာဘက်ခြမ်း မှ ယူထားသောဆံပင်နှစ်ခုကို စု၍စည်းပါမည်။
5. ဆံပင်ကို နှစ်ပိုင်းထပ်ခွဲပါ။
အပေါ်အဆင့်ကဲ့သို့ စည်းထားသော ဆံပင်၏အောက်ဘက် မှ ဆံပင်ကို နှစ်ပိုင်းထပ်ခွဲပါမည်။
6.ဆံပင်စည်းပါ။
နှစ်ပိုင်းခွဲထားသော ဘယ်ဘက်ခြမ်းဆံပင် နှင့် ဘယ်ဘက်ခြမ်းမှ ဆံပင်အနည်းငယ် ကိုထပ်ယူစုပါမည်။
ညာဘက်ခြမ်းမှဆံပင်နှစ်ကိုလည်း ဘယ်ဘက်ခြမ်းကဲ့သို့ယူ၍ စုပါမည်။
ဘယ်ဘက်ခြမ်း နှင့် ညာဘက်ခြမ်း မှ ယူထားသောဆံပင်နှစ်ခုကို စု၍စည်းပါမည်။
7.အလှဆင်ပါ။
ကျောက်ဆံထိုးလေးများဖြင့် အလှဆင်ပါမည်။