ကျောင်းသူလေးများနှင့် ရုံးဝန်ထမ်းပျိုမေလေးများအတွက် အချိန်အနည်းငယ်ပေးရုံဖြင့် လှပရိုးရှင်းပြီး လွယ်ကူသောကျစ်ဆံမြှီး ဆံပင်စည်းနည်းလေးကို ဖန်တီးပေးလိုက်ပါတယ်။
1.ဆံပင်အနည်းငယ်ယူပါ။
ဆံပင်အပေါ်တစ်လွှာမှ ဆံပင်အနည်းငယ်ကိုယူ၍ အပေါ်သို့ခနတင်ထားပါမည်။
2.ဆံပင်စည်းပါ။
အပေါ်မှအနည်းငယ်ချန်ထားသော ဆံပင်၏အောက်မှ ကျန်နေသာ ဆံပင်အားလုံးကို စု၍စည်းပါမည်။
3.သုံးချောင်းထိုးကျစ်ပါ။
အပေါ်အနည်းငယ်ချန်ထားသော ဆံပင်ကိုသုံးပိုင်းခွဲပါမည်။
သုံးပိုင်းခွဲထားသော ဆံပင်ကိုသုံးချောင်းထိုးကျစ်ပါမည်။
ဆံပင်ဆုံးသည်အထိ သုံးချောင်းထိုးကို ဆက်၍ကျစ်သွားပါမည်။
4.ကလစ်ထိုးပါ။
စည်းထားသောဆံပင်နှင့် အပေါ်မှကျစ်ထားသော သုံးချောင်းထိုးကျစ်ထားသော ဆံပင်တို့ကို တွဲ၍ကလစ်ထိုးပါမည်။