ပျိုမေလေးများအတွက် မြန်မာဆန်ဆန်ရိုးရိုးယဉ်ယဉ်လေးနှင့် လှပပြီးချစ်စရာကောင်းသော အလိမ်ဆံပင်စည်းနည်းလေးကို ဖန်တီးပေးလိုက်ပါတယ်။
1.ဆံပင်အနည်းငယ်ယူပါ။
ဘယ်ဘက်ခြမ်းအရှေ့ဘက်မှ ဆံပင်အနည်းငယ်ကိုယူပါမည်။
2.ဆံပင်စည်းပါ။
ဘယ်ဘက်ခြမ်းမှအနည်းငယ် ယူထားသောဆံပင်ကိုချန်၍ ကျန်ဆံပင်အားလုံး အနောက်တွင်စု၍ စည်းပါမည်။
3.ဆံပင်ကိုလိမ်ပါ။
ဘယ်ဘက်ခြမ်းမှအနည်းငယ်ယူထားသောဆံပင်ကို အနောက်သို့ပြန်ယူ၍ လိမ်ပါမည်။
လိမ်ထားသောဆံပင်ကို စည်းထားသောဆံပင်တွင် ပြန်၍ပတ်ပါမည်။
4.သားရေကြိုးစည်းပါ။
လိမ်၍ပြန်ပတ်ထားသော ဆံပင်ကို သားရေကြိုးဖြင့် စည်းပါမည်။
5.အလှဆင်ပါ။
ကျောက်ဆံထိုးလေးများဖြင့် အလှဆင်ပါမည်။
6. ပြီးပြည့်စုံသွားပါပြီ။