ဆံထုံးထုံးရသည်ကိုကြိုက်နှစ်သက်သောပျိုမေလေးများအတွက် နှင့် ဆရာမလေးများအတွက် လှပရိုးရှင်း၍ချစ်စရာကောင်းသော ဆံထုံးလေးကို မိတ်ဆက်ပေးလိုက်ပါတယ်။
1.ဆံပင်စည်းပါ။
ဆံပင်အားလုံးကို အနောက်တွင်စု၍စည်းပါမည်။
2.ဆံပင်ကိုအထဲသို့ လိပ်ထည့်ပါ။
စည်းထားသောဆံပင်ကို အလယ်မှခွဲပြီး အောက်မှဆံပင်ကို ပြန်၍ထည့်ပါမည်။
ဆံပင်အားလုံးကိုပြန်ထည့်၍ ထည့်ထားသည့်ဆံပင်များကို အောက်သို့ပြန်၍ဆွဲချပါမည်။
3. ဆံပင်ကိုသုံးပိုင်းခွဲပါ။
ကျန်ရှိနေသည့် ဆံပင်များကို သုံးပိုင်းခွဲပါမည်။
4.သုံးချောင်းထိုးပါ။
သုံးပိုင်းခွဲထာသောဆံပင်များထဲမှ ပထမတစ်ပိုင်းကိုယူ၍ သုံးပိုင်းပြန်ခွဲပါမည်။
သုံးပိုင်းပြန်ခွဲထားသော ဆံပင်ကို သုံးချောင်းထိုးကျစ်ပါမည်။
ဆံပင်ဆုံးသည်အထိကျစ်ပါမည်။
5.ဆက်လက်လုပ်ဆောင်ပါမည်။
ကျန်ရှိနေသည့် ဆံပင်များကိုလည်း အပေါ်အဆင့်များကဲ့သို့ ဆက်လက်လုပ်ဆောင် သွားပါမည်။
6. ဆံပင်ကိုပြန်ပတ်ပါ။
သုံးချောင်းထိုးကျစ်ထားသော ဆံပင်များထဲမှ ဘယ်ဘက်ခြမ်းမှဆံပင်ကိုယူ၍ အပေါ်သို့ပြန်ပတ်၍ ကလစ်ထိုးပါမည်။
7. ဆံပင်ကိုထပ်၍ပတ်ပါ။
ညာဘက်ခြမ်းမှ သုံးချောင်းထိုးကျစ်ထားသော ဆံပင်ကိုလည်း အပေါ်သို့ပြန်ပတ်၍ ကလစ်ထိုးပါမည်။
8.ဆက်လက်လုပ်ဆောင်ပါ။
အလယ်မှကျန်ရှိနေသည့် ဆံပင်ကိုလည်းအပေါ်အဆင့်များကဲ့သို့ ပြန်ပတ်၍ ကလစ်ထိုးပါမည်။
9. ပြီးပြည့်စုံသွားပါပြီ။